RangonNewsDaily:: October . 12 .2014
၁၁.၁၀.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် မှော်ဘီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မှော်ဘီဆေးရုံသို့ အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်သေ ဆုံးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာနေ (၁၇)နှစ် အရွယ်အမျိုးသမီးငယ်ဖြစ်ပြီး ၎င်း၏မိခင်ဖြစ်သူအားမေးမြန်းရာ သေဆုံးသူသည်
တက္ကသိုလ်ဝင်တန်း စာမေးပွဲအား (၂)နှစ်ကျရှုံးထားသူတစ်ဦးဖြစ်ကြောင်း၊ စာမလိုက်နိုင်သည့်
အတွက် မိခင်ဖြစ်သူမှ မကြာခဏဆိုဆုံးမလေ့ရှိပြီး အခင်းဖြစ်နေ့ ၀၈၃၀ အချိန်ခန့်ကလည်း ကျူရှင်သွားရန်ပြင်ဆင်နေစဉ် မိခင်ဖြစ်သူမှဆိုဆုံးမခဲ့ရာ သေဆုံးသူမှ အိပ်ခန်းအတွင်းဝင်ရောက်၍ စိုက်ပျိုးရေးသုံးရွက်ဖြန်းဆေးအား သောက်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
::
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၃၄/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။
ရဲဇာနည် ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment