Pages

Pages - Menu

Friday, October 31, 2014

သီရိလင်္ကာ မြေပြိုမှုတွင် လူ ၁၀၀ ၀န်းကျင်သေဆုံးကာ ၃၀၀ ထက်မနည်း ပျောက်ဆုံးလျက်ရှိ


RangonNewsDaily:: October . 30 .2014
သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ၊ ဘဒူလာခရိုင် တွင် ယမန်နေ့ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၄၀ ခန့် မြောက်အောက်တွင် နစ်မြှုပ်သွား ခဲ့ပြီး လူပေါင်း ၃၀၀ ခန့် ပျောက်ဆုံး နေကာ ၁၀၀ ဦး၏ ရုပ်အလောင်း ကို တူးဖော် ရရှိသေးကြောင်း သိရသည်။
မြို့တော် ကိုလံဘိုနှင့် မိုင် ၁၂ဝ ခန့်သာ ကွာဝေးသော ဟာလဒူမွန်လာမြို့ အနီးရှိ လက်ဖက်စိုက်ခင်း ကို ပြိုကျ လာသောပေ ၃ဝ ခန့်ရှိ မြေထုကြီးက ဖုံးလွှမ်း သွားခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ် ခန့်ကပင် မိုးသည်းထန်စွာ ရွာသွန်း နေခဲ့သဖြင့် မြေပြိုမှု အန္တရာယ် ဖြစ်နိုင်ကြောင်း သီရိလင်္ကာ အာဏာပိုင် များက သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။

မြေပြိုရာ နေရာသို့  သီရိလင်္ကာ ကြည်းတပ်၊ လေတပ် နှင့် ရဲအမှုထမ်း များ ရောက်ရှိကာ အသက်ရှင်လျက် ကျန်ရစ်သူ များကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေသည်။ သို့သော် မိုးလေ ကင်းစင်သွားသော်လည်း မြူထူထပ် လာပြန် သောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာ နေသည်။

''တချို့ အိမ်တွေက ပေ ၃ဝ အောက်လောက် ရောက်သွားပြီ။ မြေပြိုလို့ မြေမြုပ်သွားတာ တစ်မိုင်လောက် ရှိတယ်။ အဝေးပြေး လမ်းမကြီးတွေ ဆိုရင်လဲ ပိတ်နေတာ အများကြီးပဲ။ အခု ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်နေ ပါပြီ။ မြူဆိုင်း နေတော့ လုပ်ရကိုင်ရ ခက်နေ ပါတယ် .. '' ဟု ဘဒူလာခရိုင် အကြီးအကဲ က ပြောပြသည်။ သီရိလင်္ကာတွင် ယခုနှစ် ဇွန်လ ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခဲ့ရာ လူ ၂၂ ဦးထက် မနည်း သေဆုံးခဲ့ပြီး လူထောင်ပေါင်း များစွာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ ရသည်။

အိန္ဒိယ သမုဒ္ဒရာ နှင့် တောင်အာရှဘက်မှ လေတိုက်ခတ် မှုကြောင့် မုတ်သုံမိုး ရွာသွန်းလေ့ ရှိပြီး မိုးရွာလွန်း ၊ ခြောက်သွေ့လွန်း ဖြစ်စေတတ်သည့် အတွက် သီရိလင်္ကာနိုင်ငံ ၏ ဂေဟစနစ် သည် ယိုယွင်းပျက်စီး
နေပြီ ဖြစ်ကြောင်း သိရသည်။

PyiChitThar , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment