Pages

Pages - Menu

Thursday, October 16, 2014

လှိုင်သာယာမြို့နယ်တွင် သမီးအရင်းနှစ်ဦးမှ မိခင်အား တုပ်နှောင်၍ ရွှေငွေများလုယက်

RangonNewsDaily:: October . 16 .2014
အောက်တိုဘာ(၁၄)ရက် မနက်(၁၀)နာရီအချိန်က လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက်(၆၉)နှစ်အရွယ် မိခင် ဒေါ်ခင်စန်းကို အတူနေ သမီးကြီးဖြစ်သူ အသက်(၃၀)နှစ်အရွယ် မတင်တင်အေး အသက်(၂၈)နှစ်အရွယ် သမီးငယ်ဖြစ်သူ မအေးအေးသန်း တို့မှ အဝတ် ၊ ကြိုးများဖြင့် တုပ်နှောင်၍ ရွှေ ၊ ငွေများ လုယက် ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
ဖြစ်ပုံမှာ နေအိမ်တွင် ဒေါ်ခင်စန်းကို မတင်တင်အေး နှင့် မအေးအေးသန်းတို့မှ ဆေးလူးပေးနေစဉ် သမီးကြီး မတင်တင်အေးမှ အင်္ကျီတစ်ထည်ဖြင့် ၎င်း၏ မျက်နှာကိုအုပ်၍ ချည်နှောင်ခဲ့ပြီး သမီးငယ် မအေးအေးသန်းမှလည်း လက်နှစ်ဘက်ကို နှစ်ပင်လိမ် လျှပ်စစ်ဝါယာကြိုးဖြင့် ကုလားထိုင်နှင့်တွဲ၍ ချည်နှောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ခြေထောက်(၂)ချောင်းကိုလည်း ပူး၍ချည်နှောင်ခဲ့ပြီး ဒေါ်ခင်စန်း၏ လည်ပင်းတွင် ဆွဲထားသော တန်ဖိုး တစ်သိန်းသုံးသောင်း ရှစ်ထောင်ကျပ်တန်သည့် ရွှေဆွဲကြိုးအားလည်းကောင်း ၊ အတွင်းခံအင်္ကျီအိတ်
အတွင်းမှ တန်ဖိုးနှစ်သိန်းခြောက်သောင်း ကိုးထောင်ကျပ်တန် ရွှေဆွဲသီး(၁)ခုအားလည်းကောင်း ၊ လက်တွင်ဝတ်ထားသော စုစုပေါင်း တန်ဖိုးကျပ် ခြောက်သိန်းကိုးသောင်း ခြောက်ထောင်ကျပ် တန်ကြေးရှိသည့် ရွှေလက်ကောက် နှစ်ကွင်းအားလည်းကောင်း ၊ အိပ်ယာအောက်တွင် ထားရှိသော ငွေကျပ် တစ်သိန်းကိုးသောင်းအား လည်းကောင်း ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
::
ထိုသို့ ကြိုးတုပ်လုယက်ခဲ့ကြသော သမီးနှစ်ယောက်ဖြစ်သည့် မတင်တင်အေး နှင့် မအေးအေးသန်းတို့အား မိခင်ဖြစ်သူ ဒေါ်ခင်စန်းက အရေးယူပေးပါရန် ရဲစခန်းသို့ တိုင်ကြားခဲ့ရာ လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၁၅၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂/၃၄၂ ဖြင့် အမှုဖွင့်လှစ်၍ မတင်တင်အေးနှင့် မအေးအေးသန်းတို့ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

BurmeseHearts ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment