Pages

Pages - Menu

Friday, October 3, 2014

အာရှယူ-၁၉ ပြှိုင်ပွဲတွင် ဆူပူပါက အိမ်တိုင်ရာရောက် ဖမ်းဆီးအရေးယူမည်

Friday, 3, October , 2014
ကျင်းပပေးမည့် အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ဆူပူသောင်းကျန်းသူများအား ဓာတ်ပုံမှတ်တမ်းများကြည့်၍ အိမ်တိုင်ရာရောက် ဖမ်းဆီးမည်ဟုဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
”လုံခြုံရေးအင်အား ဘယ်လောက်ရှိတယ်ဆိုတာကတော့ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပဲ သိမှာပါ။ ပြောနိုင်တာကတော့ ဆီးဂိမ်းရဲ့အတွေ့အကြုံတွေ ရထားတဲ့အ တွက် လုံခြုံရေးအပိုင်းကို အဆင့်ဆင့် စနစ်တကျစီစဉ်ထားပါတယ်” ဟု စက်တင်ဘာလ ၃ဝ ရက်နေ့တွင် ဘောလုံးအဖွဲ့ချုပ်၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်း လင်းပွဲ တွင် ဘောလုံးအဖွဲ့ချုပ်မှ ဦးအေးချိုက ပြောသည်။

ယင်းအပြင် အရက်သေစာသောက်စားထားသူများကိုလည်း ရုပ်လက္ခဏာအခြေအနေကို ကြည့်ပြီးမှသာ ကြည့်ခွင့်ပြုမပြုကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေး အဆင့်ဆင့်လုပ်ဆောင်ထားကြောင်း မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။
::
”လက်မှတ်ပါတယ်ဆိုတိုင်း ဝင်ခွင့်ပြုမှာမဟုတ်ပါဘူး၊ ကောင်းကောင်းမွန် မွန်ပုံစံရှိမှ ဝင်ခွင့်ပြုမှာပါ။ လက်မှတ် ဘယ်လောက်ပဲပါလာလာ သရုပ်ပျက်ပုံစံနဲ့ မူးပြီးလာရင်တော့ ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

ကွင်းအတွင်း ဝင်ရောက်မည့် ဂိတ်တံခါးများကိုလည်း နေ့လယ် ၁ နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မြန်မာအသင်းယှဉ်ပြိုင်သည့်ပွဲ ပထမပိုင်းအပြီးတွင် လုံခြုံရေးအရ ဂိတ် တံခါးပိတ်မည်ဖြစ်ကြောင်း၊ ယင်းကာလအတွင်း မည်သူမျှ ဝင်ရောက်ခွင့်ပေးမည် မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။
::
ဘောလုံးပွဲကြည့်ရာတွင်လည်း သတ်မှတ် ထား သည့်ဝင်ပေါက်၊ သတ်မှတ်ခုံနံပါတ်နှင့်သာ ကြည့်ရှုရမည် ဖြစ်ပြီး ခုံနံပါတ်ပြောင်းလဲထိုင်ခြင်းများ ပြုလုပ်ခွင့်ပေးမည်မဟုတ်ကြောင်း၊ ဘောလုံးပွဲနှင့် မသက်ဆိုင်သည့် အပြုအမူများ၊ လှုံ့ဆော်မှုများကို မပြုလုပ်မိစေလိုကြောင်း၊ စည်းကမ်းရှိရှိအားပေးစေလိုကြောင်း ၎င်းကဆက် ပြောသည်။

ဘောလုံးပွဲကို အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်ထိ ကျင်းပမည်ဖြစ်ပြီး ရိုးရိုးတန်း ၂ဝဝဝ ကျပ်ဖြင့် ပြိုင်ပွဲမတိုင်ခင် ၁ ရက်အလိုတွင်ရောင်း ချပေးသွားမည်ဖြစ်သည်။ Special Package တစ်စောင်လျှင် ကျပ် ၅ သောင်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဂျာစီ၊ လည်စည်းပဝါနှင့် Ooredoo ဆင်းကတ်များလက်ဆောင်ပေး သွားမည်ဖြ စ်ကြောင်း ၎င်းကဆက် ပြောသည်။
::
လက်မှတ်ဝယ်ယူရာတွင်လည်း မှတ်ပုံတင်ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး မှတ်ပုံတင်မရှိပါက သက်ဆိုင်ရာထောက်ခံချက်ဖြင့် ဝယ်ယူရမည်ဖြစ် ကြောင်း၊ မှတ်ပုံတင်တစ်ခုလျှင် လက်မှတ် နှစ်စောင်သာ ဝယ်ခွင့်ပြုမည် ဖြစ်ကြောင်း၊ အောင်ဆန်းကွင်း၊ စလင်းကွင်းနှင့် သုဝဏ္ဏ မိုးလုံလေလုံကွင်းရှေ့တွင် ရောင်းပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
::
ပြိုင်ပွဲအား လာရောက်မကြည့်ရှုနိုင်သူများကိုလည်း Free to Air ရုပ်သံလိုင်းဖြစ်သည့် MRTV မှ ပြသနိုင်ရန် ကြိုးစားနေကြောင်းညှိနှိုင်းမှုအဆင်ပြေပါက မကြာမီထုတ် ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Popular Myanmar ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment