Pages

Pages - Menu

Sunday, October 26, 2014

စာရေး ဆရာ ဦးအောင်သင်း ကွယ်လွန်


RangonNewsDaily:: October . 25 .2014
စာရေး ဆရာ ဦးအောင်သင်း ဟာ ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁ဝ နာရီ ကျော်က ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ 
အသက် ၈၈ နှစ်အရွယ် စာရေး ဆရာ ဦးအောင်သင်းဟာ ဒီကနေ့မနက် ကျန်းမာရေး ဖောက်လာလို့ 
ဆေးရုံကို အရေးပေါ် ပို့ခဲ့ပေမယ့် ဆေးရုံရောက်ပြီး နာရီဝက်လောက်မှာပဲ ဆုံးပါး သွားခဲ့တာဖြစ်တယ်လို့ သားအငယ်ဆုံး ဖြစ်သူ ကိုအောင်မြိုင်သင်းက အတည်ပြု ပြောကြားပါတယ်။ 

အမှတ် ၄၆ ဓမ္မိက ဝတီ လမ်း စမ်းချောင်းမြို့နေအိမ်မှာ မိသားစု စုံညီစွာ စည်းဝေးတိုင်ပင်ပြီးတဲ့ အခါ ဈာပန ကို ဘယ်လို လုပ်ကြမယ်ဆိုတာ သိရမှာဖြစ်တယ်လို့လည်း သားဖြစ်သူ ကိုအောင်မြိုင်သင်းက ဆိုပါတယ်။ 

တသက်တာ စာပေဆုရှင်အဖြစ် သိပ္ပံမှူးတင်၊ ဆရာမ ဒေါ်ခင်ဆွေဦးတို့နဲ့ အတူ ဆရာဦးအောင်သင်းဟာ လက်ခံရယူခဲ့သူဖြစ်ပါတယ်။ 

စာပေလောကမှာ ထင်ရှားတဲ့ ခြေလှမ်းတွေနဲ့ သမိုင်းမှတ်တိုင်တွေကို စိုက်ထူခဲ့သူတဦးဖြစ်ပြီး အထူးသဖြင့် လူငယ်များ အတွက် မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ဆိုတဲ့ မှာကြားမှု၊ မြေတောင်မြှောက်ပေးမှုကတော့ အထင်ရှားဆုံး ဖြစ်ပါတယ်။ 

ဦးအောင်သင်း ( ၁၉၂၇ - ၂၀၁၄) 

ဧရာဝတီ , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment