Pages

Pages - Menu

Wednesday, October 8, 2014

ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်သည့် ငရုတ်ကောင်း

RangonNewsDaily:: October . 7 .2014
ယနေ့ခေတ် အမျိုးသမီးများ အဖြစ်အများဆုံးကင်ဆာမှာ ရင်သားကင်ဆာ ရောဂါဟာ တစ်ခုအပါအ၀င်ဖြစ်နေပါတယ်။
ရင်သားကင်ဆာရောဂါဟာ အမျိုးသမီးများအတွက် အလွန်အန္တရာယ်ကြီးမားတဲ့ ရောဂါတစ်ခုဖြစ်နေပါတယ်။
ရင်သားကင်ဆာကို ရောဂါမကျွမ်းခင်မှာ ကုသနိုင်ပေမယ့် ရောဂါကျွမ်းသွား ရင်တော့ ကုသရန်ခက်ခဲပြီး အသက်ပါဆုံးရှုံးရတတ်ပါတယ်။ ဒါကြောင့် အန္တရာယ်ကြီးမားတဲ့ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ဖို့ အင်မတန် လိုအပ်ပါတယ်။

သဘာဝနည်းဖြင့် ရင်သားကင်ဆာကို ကြိုတင်ကာကွယ်နိုင်ကြပါတယ်။ ငရုတ်ကောင်းဟာ ရင်သားကင်ဆာရောဂါကို ကာကွယ်ရန်အတွက် အထူးကောင်းမွန်တဲ့ သဘာဝဆေးနည်းတစ်လက်ဖြစ်ပါတယ်။


၁။ ငရုတ်ကောင်းကို ဟင်းရည်အမျိုးမျိုး၊ စွပ်ပြုတ်အမျိုးမျိုးထဲ ထည့်ပြီး သောက်ပေးနိုင်ပါတယ်။


၂။ ငရုတ်ကောင်းကို နနွင်းမှုန့်နဲ့ တွဲသုံးရင် ကင်ဆာကာကွယ်နိုင်တဲ့ အစွမ်းက ပိုရှိလာပါတယ်။


၃။ ငရုတ်ကောင်းအမှုန့်ကို စားမည့်ဟင်ပွဲပေါ်ကို ဖြူးပြီး စားပေးနိုင်ပါတယ်။


ငရုတ်ကောင်းမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တို့ များစွာ ပါဝင်နေပါတယ်။ ငရုတ်ကောင်း

မှာပါတဲ့ Piperine ဓာတ်ဟာ ရင်သား ကင်ဆာအကျိတ်ကို ကြီးထွားမှု မဖြစ်လာအောင် ကာကွယ်ပေးနိုင်တယ်လို့ မစ်ချီဂန် ကင်ဆာဌာနရဲ့ လေ့လာမှုမှ ဖော်ပြထားပါတယ်။

Good Health, Shape Entertainment , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment