Pages

Pages - Menu

Thursday, October 23, 2014

ငါးဧကထက် မနည်းသောမြေတွင် မည်သည့်နေရာ၌မဆို ပုဂ္ဂလိကတက္ကသိုလ် တည်ထောင်နိုင်ကြောင်း ဥပဒေကြမ်းတွင် ပါဝင်

RangonNewsDaily:: October . 22 .2014
ပုဂ္ဂလိက တက္ကသိုလ် တည်ထောင်လိုသူများ အနေဖြင့် မြန်မာနိုင်ငံ၏ မည်သည့်နေရာ တွင်မဆို အကျယ်အ၀န်း ၅ဧက ထက်မနည်းသော မြေပေါ်တွင် တည်ထောင်နိုင်ကြောင်း ပုဂ္ဂလိက တက္ကသိုလ်ဥပဒေမူကြမ်းတွင် ရေးဆွဲထားသည်။
ပုဂ္ဂလိက တက္ကသိုလ်နှင့်အ ညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရယူပြီးနောကနိုင်ငံတော်က အတည်ပြုထား သော ၅ ဧကထက်မနည်းသောမြေ ၊ သို့မဟုတ် အသုံးပြုခွင့်ရသည့် မြေ(သို့မဟုတ်)ငှားရမ်းခွင့်ရှိသည့်မြေပေါ်တွင် တည်ထောင်နိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားသော ဥပဒေမူကြမ်းတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။

ပုဂ္ဂလိက တက္ကသိုလ်တည် ထောင်ဖွင့်လှစ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုး ရထံမှ သဘောထားမှတ်ချက်များ တောင်းခံရမည်ဖြစ်ပြီး နိုင်ငံသား ပိုင်ဆိုင်မှုပါဝင်ပါက နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဥပဒေ၏ ပြဋ္ဌာန်းသတ် မှတ်ချက်များနှင့် ကိုက်ညီစေရ မည်ဖြစ်သည်။


ပုဂ္ဂလိက တက္ကသိုလ်တည် ထောင်သူများအနေဖြင့် ပုဂ္ဂလိက တက္ကသိုလ်နှင့် စပ်လျဉ်း၍မမှန်မ ကန်ကြော်ငြာခြင်းမပြုလုပ်ရန်နှင့် နိုင်ငံရေး(သို့မဟုတ်)ဘာသာရေး ဆိုင်ရာ အကြောင်းအရာများကို ဟောပြောပို့ချခြင်း မပြုရန် တား မြစ်ထားသည်။


မည်သူမျှ ပုဂ္ဂလိက တက္က သိုလ်မှတ်ပုံတင်လက်မှတ်မရှိဘဲ ပုဂ္ဂလိကတက္ကသိုလ်တည်ထောင် ဖွင့်လှစ်ခြင်း မပြုရန် ဥပဒေမူ ကြမ်း ရေးဆွဲထားခြင်းကြောင့် တက္ကသိုလ် အမည်ဖြင့် ကျောင်း တည်ထောင်ထားသူများသည်ဥပဒေနှင့်အညီမှတ်ပုံတင်ပြုလုပ်ရန်လိုအပ်ဖွယ်ရှိနေသည်။


‘‘ဥပဒေကြမ်းအရဆိုရင်တက္ကသိုလ် နာမည်နဲ့ ကျောင်း ထောင်ထားတဲ့သူတွေမှတ်ပုံတင် ရတော့မယ်။ ပြီးတော့ အနည်းဆုံး မြေ ၅ ဧကရှိရမှာပေါ့။ ဒါပေမဲ့ လည်း မူကြမ်းဖြစ်တဲ့အတွက်အ ပြောင်းအလဲရှိနိုင်ပါသေးတယ်’’ ဟု တက္ကသိုလ် ဆရာတစ်ဦးက ပြောသည်။


မကြာမီက အမျိုးသားပညာ ရေးဥပဒေကို ပြည်ထောင်စုလွှတ် တော်ကအတည်ပြုပြဋ္ဌာန်းလိုက် ပြီးနောက် ပုဂ္ဂလိကတက္ကသိုလ်ဥပဒေအပါအ၀င် နောက်ဆက်တွဲပညာရေးဆိုင်ရာ ဥပဒေများကို လွှတ်တော်သို့ တင်သွင်းနိုင်ရန် ပညာရေး ၀န်ကြီးဌာနက စီစဉ် ဆောင်ရွက်နေခြင်းဖြစ်သည်။


7Day , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment