Pages

Pages - Menu

Tuesday, October 7, 2014

အလုံမြို့နယ်တွင် ခုနစ်လွှာတိုက်ခန်းမှ အမျိုးသားတစ်ဦး ဆေးကြောင်ပြီး ခုန်ချ သတ်သေ

RangonNewsDaily:: October . 7 .2014
အလုံမြို့နယ်၊ ငုဝါလမ်းတွင် အမျိုးသားတစ်ဦး ဆေးကြောင်၍ တိုက်ခုနစ်လွှာမှ နောက်ဖေးလမ်းကြားသို့ ခုန်ချပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ 
အသက်(၃၀)ခန့်ရှိ အမျိုးသားတစ်ဦးသည် တိုက်၏ ခုနစ်လွှာမှ နောက်ဖေးလမ်းကြားသို့ ပြုတ်ကျသေဆုံးခဲ့ပြီး ၎င်းမှာဆေးကြောင်ပြီး ခုန်ချခြင်းဖြစ်ကြောင်း တာဝန်ကျနယ်မြေခံ ဒုရဲအုပ်တစ်ဦးက အတည်ပြုပြောကြားသည်။ 

‘‘သူ့အမေပြောတာတော့ မနေ့ကတည်းက ဆေးကြောင်ပြီး သူ့ကို ဆေးခန်းလိုက်ပို့ပေးဖို့ပြောတယ်။ ဒီနေ့ကျတော့ နောက်ဖေး ကို ထွက်သွားပြီး ခုန်ချတယ်ပြော တယ်’’ဟု အဆိုပါ ဒုရဲအုပ်က ဆိုသည်။ 

အောက်တိုဘာ ၅ ရက် ညနေက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခြောက်လွှာဆန်းရှိတ်ပေါ်မှ ခုန်ချ ကာ ပွဲချင်းပြီးသေဆုံးသွားခြင်း ဖြစ်သည်။ 

7Day , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment