Pages

Pages - Menu

Sunday, October 19, 2014

ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒဿမ ၉ သိန်း ဖမ်းဆီးရမိ

RangonNewsDaily:: October . 19 .2014
အောက်တိုဘာ ၁ဝ ရက်က မူးယစ်တပ်ဖွဲ့စု(၄၂) ရန်ကုန်အနောက် မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ အောင်မင်္ဂလာ အဝေးပြေးဝင်း၊ စစ်တွေလမ်း၊ အမှတ် ဏ/A-2/A-3 ရှိ ရန်ကုန်- စစ်တွေ ကြံတိုင်းအောင်ကားဂိတ် ကုန်စည်ဂိုဒေါင်အတွင်းတွင် ဒေါ်သန်းတင် (STW) အမည်ဖြင့် ရန်ကုန်မှ စစ်တွေသို့ ပို့ဆောင်မည့် အဝတ်အထည်ဘေထုပ်များအား ဖွင့်ဖောက်ရှာဖွေရာ ဘေထုပ် (၆) ထုပ်စီအတွင်းတွင် တစ်ထုပ်စီ၏ အဝတ်များ ကြားရှိ ပီနံအိတ် တစ်အိတ်စီအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းပြားစီပါ (၆) ထုပ် နှင့် ဘေထုပ်တစ်ထုပ်အတွင်းရှိ အဝတ်များကြား ပီနံအိတ်တစ်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ဝ,ဝဝဝ ပြားပါ တစ်ထုပ်၊ စုစုပေါင်းစိတ်ကြွ ရူးသွပ်ဆေးပြား ၆ ဒဿမ ၉ သိန်းပြား သိမ်းဆည်းရမိခဲ့ပါသည်။
စစ်ဆေးဖော်ထုတ်ချက်အရ မင်္ဂလာဈေးနေ ဇော်ဇော် ဆိုသူက Suzuki မော်တော် ယာဉ်ဖြင့် လာရောက်ပို့ဆောင်ထားသော ဘေထုပ် များဖြစ်ကြောင်း စစ်ဆေး သိရှိရ၍ ပူးပေါင်းအဖွဲ့သည် အောင်မင်္ဂလာ ကားဝင်းအတွင်း အသွင်ယူ စောင့်ဆိုင်းနေစဉ် ကြံတိုင်းအောင် ကားဂိတ်သို့ အဝတ် အထည်ဘေထုပ် (၇) ထုပ် လာရောက်ပို့ဆောင်သော ဇော်ဇော် (ခ) အောင်ကျော်ညွန့် (ခ) တိုးမောင် အား ပို့ဆောင်ခဲ့သည့် ယာဉ် 4F/6466 Suzuki မော်တော်ယာဉ်နှင့်အတူ ရောက်ရှိလာ၍ ၎င်းအား ဖမ်းဆီးရမိသဖြင့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်း ရရှိသည်။

MOI Webportal , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment