Pages

Pages - Menu

Wednesday, October 15, 2014

သမ္မတ ရုပ်ရှင်ရုံအနီးမှာ ရိုက်မှုဖြစ်ပွား


RangonNewsDaily:: October . 15 .2014
ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံ အနီးက မီးရထားကုန်းကျော်တံတားပေါ်မှာ ကားသမားတွေနဲ့ ဆိုက်ကားသမားတွေ အချင်းများပြီး ရိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ 
သမ္မတ ရုပ်ရှင်ရုံရှေ့က ကားရပ်နားရာနေရာမှာ အခြားကားတစီးကို အော်ဟစ်ကြိမ်းမောင်း ပြော
ဆိုနေတဲ့ ကားတစီးပေါ်က လူရှစ်ယောက်နဲ့ အနီးမှာရှိနေတဲ့ ဆိုက်ကားသမားတွေနဲ့ ဖြစ်ပွား
ခဲ့ကြတာလို့သိရပါတယ်။
::
ကြိမ်းမောင်းပြောဆိုရင်း ကားပေါ်က ဆင်းလာတဲ့ လူ ရှစ်ယောက်နဲ့ ဆိုက်ကားသမားတွေအဖွဲ့ အပြန်အလှန် ထိုးကြိတ်ရိုက်နှက်ခဲ့ကြရာ ခြောက်ဦးက ဒဏ်ရာတွေနဲ့ ကားပေါ်ပြန်တက်ပြီး မောင်းပြေးခဲ့ပြီး ကျန်နေတဲ့ နှစ်ယောက်နဲ့ ဆိုက်ကားသမားတွေ ထပ်မံဖြစ်ပွားခဲ့တဲ့ အတွက် အဆိုပါနှစ်ဦးလည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။


ဓာတ်ပုံ - Zaw Naing (Facebook)
The Irrawaddy ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment