Pages

Pages - Menu

Sunday, October 26, 2014

စာရေးဆရာကြီး ဆရာအောင်သင်းရဲ့ မှတ်သားဖွယ်စကား (၁)

Sunday :- 26 : October :- 2014
တက္ကသိုလ်ဆိုတာ စာတင်သင်တာမဟုတ်ဘူး၊ “စဉ်းစားနည်း”ကို ပဓာနထားပြီးသင်တာ။စာသာတတ်ပြီး စဉ်းစားနည်း
ကို မတတ်ခဲ့ရင် ဘာဘွဲ့ကြီးကိုပဲ ရနေနေ အဓိပ္ပာယ်မရှိဘူး။ 
စဉ်းစားနည်းကိုသာရခဲ့ရင် ဘယ်ဘာသာယူပြီး ၊ဘာဘွဲ့ကိုပဲရရ အဓိပ္ပာယ်ရှိတယ်။

ကိုယ်ပိုင်ဉာဏ် ဖွံ့ဖြိုးမှု၊ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်ဖွံ့ဖြိုးအောင် ကြိုးပမ်းခြင်းမှာ “ပညာရေးတကာတို့ရဲ့ ဦးတည်ချက်” ဖြစ်ပါတယ်။


အဲဒီဉာဏ်မျိုးကိုမပေးနိုင်ရင်တော့ ဟိုလူပြောဟုတ်နိုး၊ ဒီလူပြောဟုတ်နိုး စကားလုံးပြောင်တာကို အကောင်းထင်၊
အလင်္ကာကို အဟုတ်မှတ်၊ ဆင်ခြင်မှုကင်းမဲ့ပြီး တစ်မျိုးသားလုံး အောက်တန်းကျ သွားနိုင်တယ်။


-【ဆရာအောင်သင်း-ဝေဖန်ချင့်ချိန်၍ -ပေဖူးလွှာ】

KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment