Pages

Pages - Menu

Friday, October 17, 2014

သင်္ဘောပေါ်တွင် အလုပ်ရမည်ဟုဆိုကာ သင်္ဘောသား ၃ဝ ခန့်၏ ကြိုတင်ငွေအား လိမ်လည်ရယူပြီး ထိမ်းရှောင်နေမှု ထပ်မံဖြစ်ပေါ်

RangonNewsDaily:: October . 17 .2014
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ် ထောင်မြို့နယ်တွင် ဖွင့်လှစ်ထားသော ကုမ္ပဏီတစ်ခုမှ သင်္ဘောပေါ်တွင် အလုပ်ရမည်ဟုဆိုတကာ သင်္ဘာသား ၃ဝ ခန့်၏ ကြိုတင်ငွေများကို လိမ် လည်ရယူပြီး တိမ်းရှောင်နေမှု ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။ 
၎င်းကုမ္ပဏီ သည် နော်ဝေနိုင်ငံ၊ ကုမ္ပဏီပိုင် အအေး ခန်း၊ သင်္ဘောပေါ်တွင် အလုပ်ရမည် ဆိုကာ သင်္ဘောသားများထံမှ ငွေကြေး ကို အကြိမ်ကြိမ် တောင်းခံခဲ့ပြီး တိမ်း ရှောင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'ကျွန်တော်တို့ကို နော်ဝေကို ၂ ပတ်အတွင်းမှာ သွားရမယ်ဆိုပြိး သိန်း ၄ဝ တောင်းတယ်။ ကျွန်တော်တို့က မသေချာပဲနဲ့ သိန်း(၄ဝ)တော့ မပေးနိုင် ဘူးလို့ပြောတယ်။ အဲဒီတော့ အလုပ် လုပ်မယ်ဆိုရင် (၇)သိန်း အရင်စရံချ နိုင်တယ်။ နောက်(၁)ပတ်လောက် ကြာတော့ ဟိုဘက်က စာရတယ်။ ဗီဇာတွေလုပ်ဖို့အတွက် (၁၅)သိန်း ကုန်မယ်ဆိုပြီး နောက်(၈)သိန်းထပ် တောင်းတယ်။
::
ရုံးကို သွားတော့ သူမရှိဘဲ သူ့မိန်းမနဲ့ သူ့တူ ပဲရှိတော့တယ်။ သူ့မိန်းမက ပြဿနာ တွေကို ၁၁ လပိုင်းအကုန် ဖြေရှင်းပေး မယ်ပြောပြီး သူလည်း မလာတော့ဘူး။ စုံစမ်းကြည့်လိုက်တော့ ရုံးခန်းက ၁၁ လပိုင်းကုန်ရင် ပြည့်ပြီ။ ဒါက ချိန် ကိုက်ပြီး လိမ်သွားတာ' ဟု လိမ်လည် ခံရသူ သင်္ဘောသားတစ်ဦးကဆိုသည်။
::
ယနေ့ မြန်မာသင်္ဘောသားလောက တွင် ငွေကြေးလိမ်လည်မှုများမှာ မကြာ ခဏ ဖြစ်ပွားနေပြီး အဆိုပါလိမ်လည် ခံရသော သင်္ဘောသား ၃ဝ ခန့်မှာ ရန်ကုန်မြို့တွင်းရှိသင်္ဘောသားများဖြစ် ၍ ရန်ကုန်မြို့နှင့် ဝေးကွာာသော ပြည် နယ်နှင့်တိုင်းဒေသကြီးအချို့တွင် နေ ထိုင်သော သင်္ဘောသားများ မပါဝင် ကြောင်း သိရသည်။
၎င်းငွေကြေး လိမ်လည်သွားသည့် ကုမ္ပဏီရုံးခန်းမှာ မပျောက်ကွယ်ခင် နောက်ဆုံးရက် သြဂုတ်(၂၆)ရက် ရောက်ကာနီးအထိ သင်္ဘောသားများထံမှ ငွေလက်ခံရရှိ ကြောင်း လက်မှတ်ထိုးပြီး ငွေကြေး လက်ခံခဲ့သည်ကိုလည်း စာရွက်စာ တမ်းများအရ သိရသည်။
::
'သင်္ဘောသားတွေက သတင်း အချက်အလက်ရတာလည်း နည်း တယ်။ တက်မယ့်ကုမ္ပဏီနဲ့ပတ်သက် ပြီး စုံစမ်းတာမရှိကြဘူး။ ဒီကုမ္ပဏီကျွှဏှ လိုင်စင်ထွက်ကတည်းက ရေ ကြောင်းမှာ လိုင်စင်မရှိဘူး။ ရေကြောင်း ဦးစီးဌာနမှာ လိုင်စင် ရှိလိုက် မရှိလိုက် နဲ့ အဲဒါက အရမ်းမြန်တယ်။ သတင်း ထုတ်ပြန်တာ နောက်ကျနေတယ်။
သူတို့က သတင်းအချက်အလက်ကို တပြေးညီ ဒီနေ့မရှိတော့ဘူးဆိုရင် ဒီနေ့ ပဲ ကြေညာသင့်တယ်။ သင်္ဘောသား တွေကလည်း ဒီ ညသအငခန ဘုတ်က ကြေညာချက်တွေကို အလေးထားဖို့ လိုတယ်။ ရန်ကုန်မြို့မှာက ဘာလိုင်စင် မှ မရှိဘဲနဲ့ သင်္ဘောပေါ်ပို့နေတာတွေရှိ တယ်။ ဒီလိုလူတွေကို ဘယ်လိုအရေး ယူမလဲဆိုတာကတော့ အာဏာပိုင် လုပ်ရမယ့်ကိစ္စတွေ။ ကျွန်တော်တို့က ထောက်ပြလို့ပဲရမယ်။
::
ဒီလိုဖြစ်တဲ့အခါ သင်္ဘောသားတွေက ဘယ်က တက် တက် တက်လို့ရရင် တက်မှာပဲဆိုတော့ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာ တာပေါ့' ဟု မြန်မာ့ပင်လယ်ရေ ကြောင်း အလုပ်သမားများအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ကိုတင် ကိုကိုသက်က ပြောသည်။
ယခုကိစ္စရပ်များအား ရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှာ အမည်ပျက် စာရင်း သွင်းထားပြီဖြစ်၍ မည်သို့မှ အရေးယူနိုင်မည်မဟုတ်ကြောင်း၊ ငွေ ကြေးပြန်လည်ရယူလိုမှုဖြင့် ပိုက်ဆံ ပေးထားခဲ့သော သင်္ဘောသားအချို့မှ ဗိုလ်တစ်ထောင်ရဲစခန်းတွင် အမှုဖွင့် လှစ်ထားပြီး အချို့သင်္ဘောသားများမှာ တရားရုံးသို့ ဦးတိုက်လျှောက်ထား ကြောင်း သိရသည်။
::
ယခုကဲ့သို့ဖြစ်စဉ် များမှာ မြန်မာသင်္ဘောသားလောက တွင် မကြာခဏဆိုသကဲ့သို့ အရေးယူ မှုအပိုင်းမှာလည်း အားနည်းနေခြင်းများ ရှိကြောင်း သင်္ဘောသားအချို့က ဝေဖန် ပြောဆိုမှုများ ရှိနေကြသည်။

The Street View ::-KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment