Pages

Pages - Menu

Friday, October 24, 2014

အိုင်အက်စ်တို့ကိုတိုက်ခိုက်ရာတွင် တစ်နေ့ကာကွယ်ရေးအသုံးစရိတ် ကန်ဒေါ်လာ ၇ ဒသမ ၆ သန်းကုန်ကျကြောင်း ပင်တဂွန်ပြောကြား


RangonNewsDaily:: October . 23 .2014
အိုင်အက်စ်စစ်သွေးကြွအုပ်စုများ ကို တိုက်ခိုက်ရာတွင် ကာကွယ်ရေး အသုံးစရိတ် တစ်နေ့လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ သန်း ကုန်ကျကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြော ကြားသည်။
အမေရိကန်အစိုးရသည် စစ်ရေး ပြင်ဆင်မှု၊ အိုင်အက်စ်စစ်သွေးကြွများကို လေကြောင်းဖြင့် တိုက်ခိုက် မှု စသည်တို့တွင် ရက်သတ္တ ၁ဝ ပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၂၄ သန်း ကုန်ကျခဲ့ကြောင်း ပင်တဂွန်၏ ဟြေရေးဆိုခွင့်ရှိသူ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး အဒမ်ဂျွန် ကာဘီက အင်္ဂါနေ့တွင် သတင်း ထောက်များကို ဟြေကြားခဲ့သည်။

ဆီးရီးယားအစိုးရကို မငြိမ် မသက်ပြုလုပ်ရန်အတွက် ၂ဝ၁၂ ခုနှစ်က ဂျော်ဒန်နိုင်ငံတွင် စီအိုင် အေများက ပထမဆုံး လေ့ကျင့်ပေး ခဲ့သော အိုင်အက်စ်စစ်သွေးကြွများ သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း နယ်မြေများကို ထိန်းချုပ်ထားခဲ့ ကြသည်။ အိုင်အက်စ်စစ်သွေးကြွများသည် ဇွန်လတွင် ၄င်း၏ တိုက် ခိုက်ရေးသမားများကို အီရတ်သို့ စေလွှတ်ခဲ့သည်။ ၄င်း အိုင်အက်စ်များ က နိုင်ငံနှစ်ခု၏ နယ်စပ်ဒေသ တစ်ခွင်ကို လျင်မြန်စွာ သိမ်းပိုက်ခဲ့ ကြသည်။

ပင်တဂွန်၏အဆိုအရ သြဂုတ် လလယ်လောက်ကတည်းက အမေ ရိကန်စစ်လေယာဉ်များသည် အီရတ် ရှိ အိုင်အက်စ်စစ်သွေြး<ွကများကို အကြိမ် ၂၆ဝ ထက်မနည်း လေ ကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြသည်ဟု ဆိုသည်။ အချို့ အနောက် နိုင်ငံများသည်လည်း အီရတ်ရှိ အခြားတိုက်ခိုက်မှုအချို့တွင် ပါဝင် ဆင်နွှဲလျက်ရှိသည်။

စက်တင်ဘာနှောင်းပိုင်းကတည်း က အမေရိကန်နှင့် ၄င်း၏အာရပ် မဟာမိတ်များဖြစ်သော ဆော်ဒီအာ ရေဗျ၊ ဘာရိန်း၊ ကာတာ၊ ဂျော်ဒန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု တို့သည် ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ် စစ်သွေးကြွများကို လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်။

ယခုလအစောပိုင်းက အမေရိ ကန် စစ်ဌာနချုပ်က ပင်တဂွန်သည် ရေကြောင်းတိုက်ခိုက်မှုနှင့် တွမ် ဟော့စ် နျူကလီးယားဒုံးကျည်တို့တွင် အမေရိကန်ဒေါ်လာ ၆၂ သန်းသုံးစွဲ ခဲ့ကြောင်း ဟြေခဲ့သည်။

Press TV , 
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment