Pages

Pages - Menu

Sunday, October 12, 2014

မန္တလေးကျုံးမြို့ရိုးပတ်လည်အား ညအချိန် မီးရောင်ဖြင့် လှပနေစေရန် ကျပ်သိန်းပေါင်း ၄ဝဝဝ နီးပါး အကုန်အကျခံကာ ဆောင်ရွက်လျက်ရှိ

RangonNewsDaily:: October . 11 .2014
မန္တ လေးမြို့ ကျုံးမြို့ရိုးပတ်လည်အား ညအချိန်တွင် မီးရောင်ဖြင့်လှပနေ စေရန်အတွက် ရည်ရွယ်ကာ အလို အလျောက် အဖွင့်အပိတ်စနစ်ပါဝင် သည့် LED မီးလုံးများကို တပ်ဆင် နေပြီဖြစ်ရာ ကုန်ကျစရိတ်မှာ စုစု ပေါင်း ငွေကျပ် သိန်း ၄ဝဝဝနီးပါး ရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရ သည်။
မန္တလေးမြို့သို့ လာရောက်လည် ပတ်ကြသည့် နိုင်ငံခြားသားခရီးသည် များအနေဖြင့် ညအချိန် ကျုံးဘေး ဝန်းကျင်သို့ အပန်းဖြေလာရောက်ရာ တွင် မြို့ရိုးပတ်လည်အား မီးရောင် ဖြင့် မျက်စိပသာဒဖြစ်ဖွယ်မြင်တွေ့ ရမည်ဖြစ်သကဲ့သို့ မြို့အင်္ဂါရပ်နှင့် အညီ လှပနေစေရန် ရည်ရွယ်ကာ မီးလုံးများဖြင့် အလှဆင်ရခြင်းဖြစ် ကြောင်း၊ Dream Light Technology ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ၍ တပ်ဆင်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပြီး လက်ရှိတွင် ကျုံးတောင်ဘက် ခြမ်း (၂၆လမ်း)တွင် ၇၃လမ်း၊ မင်္ဂ လာတံတားမှ ၆၆လမ်းအထိ ပြီးစီး နေပြီဖြစ်၍ ကျုံးတောင်ဘက်ခြမ်းရှိ ကျန်ရှိသည့်အပိုင်းနှင့် ကျုံးအရှေ့ ဘက်ခြမ်း(၆၆လမ်း)တို့ကို လာမည့် တန်ဆောင်မုန်းလပြည့်နေ့အမီ နောက် ဆုံးထားကာ တပ်ဆင်သွားမည်ဖြစ် ကြောင်းသိရသည်။

''ညအချိန်မှာဆိုရင် ကျုံးမြို့ရိုး နံရံကို သဘာဝအတိုင်း မြင်တွေ့ နိုင်စေဖို့အတွက် အလင်းရောင်ကို ချိန်ညှိအလှဆင်ပေးထားတာဖြစ်ပါ တယ်။ တပ်ဆင်ထားတဲ့ LED မီးလုံး တွေဟာဆိုရင် မနက်နေရောင်ထွက် လာပြီဆိုတာနဲ့ အလိုအလျောက်ပိတ် သွားမှာဖြစ်သလို ညနေခင်းနေရောင် မရှိတော့တာနဲ့ အလိုအလျောက်ပြန် လင်းလာမှာဖြစ်ပါတယ်။ ကျုံးမြို့ရိုး ပတ်လည်တင် မကဘဲ ပြာသာဒ်တွေ နဲ့ မုခ်ဦးတွေမှာပဲ ဆက်လက်တပ် ဆင်ပြီး အလှဆင်သွားမှာဖြစ်ပါ တယ်''ဟု ယင်းက ထပ်မံပြောသည်။


ထိုသို့ ကျုံးမြို့ရိုးပတ်လည်အား မီးအလှဆင်ရေးအတွက် စိတ်ဝင်စား သည့်ကုမ္ပဏီများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တင် ဒါစနစ်ဖြင့်ခေါ်ယူခဲ့ရာတွင် လျှောက် ထားသည့်လုပ်ငန်းရှင်အရေအတွက် မှာ ၃၈ဦးရှိပြီး ပြည်တွင်းကုမ္ပဏီများ အပြင် တရုတ်၊ ကိုရီးယား၊ ဂျာမနီ၊ စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီများပါဝင် ကြောင်း၊ မီးအလှဆင်ခြင်းအားဖြင့် ယဉ်ကျေးမှုမြို့တော်ဖြစ်သော မန္တ လေးမြို့အား နိုင်ငံခြားသားခရီးသွား များ စိတ်ဝင်စားမှုပိုမိုမြင့်တက်လာ စေနိုင်သည့်အပြင် ညအချိန် ကျုံး ဘေးဝန်းကျင်သို့ လာရောက်အပန်း ဖြေသူအရေအတွက်လည်း များပြား လာစေနိုင်မည်ဖြစ်သည်။


ဒီမိုကရေစီ တူဒေး , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment