Pages

Pages - Menu

Tuesday, October 21, 2014

ရန်ကုန်မြို့၌ တစ်ရက်အတွင်း ဘတ္ထရီဝါယာရှော့မှတစ်ဆင့် ကားမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား


RangonNewsDaily:: October . 20 .2014
ရန်ကုန်မြို့၌ အောက်တိုဘာ ၁၈ ရက်တွင် ဘတ္ထရီဝါယာရှော့မှတစ်ဆင့် ကားမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားမီးမှုဖြစ်စဉ်များမှာ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်းတွင် အမှတ် (၁) သစ်စက်ရှေ့တွင် ဒီဇယ်များတင်ဆောင်လာသော ဆူဇူကီးအမျိုးအစားယာဉ်သည် ကားအင်ဂျင်ခန်းရှိ ဘတ္ထရီဝါယာရှော့မှတစ်ဆင့် မီးလောင်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ကားမီးလောင်မှုကြောင့် ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဒီဇယ်ပုံးများ မီးလောင်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတမ်းရှောင်ခဲ့သည့်အတွက် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ (ပ)၇၁၉/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
::
အလားတူ အောက်တိုဘာ ၁၈ ရက် ည ၇ နာရီခန့်အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ စဥ့်အိုးတန်းလမ်း၊ ဆိပ်ကမ်းဝင်ထွက်ပေါက် ကွန်ကရစ်လမ်းပေါ်တွင် Porte အမျိုးအစားယာဉ်သည် ဘတ္ထရီဝါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး၊ မီးလောင်မှုနှင့်ပတ်သတ်၍ ဆိပ်ကမ်းမြို့မ ရဲစခန်းမှ (ပ)၃၅၁/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ရာသီဥတုက ပူလာတဲ့အတွက် ကားမီးလောင်မှု ဖြစ်စဉ်တွေကို သတိထားသင့်ပါတယ်။ ကားတွေမှာလည်း မီးသတ်ဆေးဘူးတွေ အရန်သင့်ဆောင်ထားဖို့တော့ လိုနေပါပြီ။ ကားမီးလောင်မှုတွေဖြစ်ရင် ကားတစ်စီးလုံး ဆုံးရှုံးရပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကလည်း များပါတယ်။ အိမ်စီးကားပဲဖြစ်ဖြစ် ခရီသည်ကားပဲဖြစ်ဖြစ် မီးသတ်ဆေးဘူး ဆောင်ထားကြတာ အကောင်းဆုံးပါ” ဟု မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ ဒုတိယညွန်ကြားရေမှူးဖြစ်သူ တစ်ဦးက ပြောကြားသည်။
::
အဆိုပါ ကားမီးလောင်မှုဖြစ်စဉ် နှစ်ခုလုံးတွင် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှု မရှိကြသော်လည်း ယာဉ်တစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Eleven ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment