Pages

Pages - Menu

Wednesday, October 29, 2014

အင်းစိန်မြို့နယ်အတွင်း ၂၄ နာရီဖွင့်သော ဈေးဆိုင်ကို အမျိုးသားသုံးဦး ဓားထောက်လုယက်

RangonNewsDaily:: October . 28 .2014
အင်းစိန်မြို့နယ်အတွင်း ၂၄ နာရီဖွင့်လှစ်သော အိမ်ဆိုင် အတွင်းသို့ အမျိုးသားသုံးဦး ၀င်ရောက်ကာ ပိုင်ရှင်ကိုဓားထောက်ပြီး ခြိမ်းခြောက်လုယက်မှု အောက်တိုဘာ ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
အောင်ဆန်းရပ်ကွက်အ တွင်းရှိ ၂၄ နာရီဖွင့်လှစ်သော နေအိမ်ဈေးဆိုင်အတွင်းသို့ အောက်တိုဘာ ၂၄ ရက် နံနက် ၃ နာရီကျော်က အသက်(၃၀)နှစ်အရွယ်ရှိ အမျိုးသားသုံးဦး ဘီယာလာဝယ်၍ ဆိုင်ရှင်က ရေခဲသေတ္တာအတွင်းရှိ ဘီယာဘူးများယူနေစဉ် ၎င်းအမျိုးသားသုံးဦးက လည်ပင်းနှင့် နံရိုးကြားသို့ ဓားဖြင့် ထောက်ကာ အော်ဟစ်ပါက ဓားဖြင့်ထိုးမည်ဟု ခြိမ်းခြောက်ပြီး ဆိုင်ရှင်၏ပါးစပ်ကို တိပ်ဖြင့် ပိတ်ပြီး လက်နှစ်ဖက်ကိုလည်းနောက် ပြန်ကပ်ချည်ခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ဆိုင်ရှင်အား နေအိမ်နောက်ခန်းသို့ ခေါ်ယူသွားပြီးရှပ်အင်္ကျီစဖြင့် ဦးခေါင်းနှင့်ခြေထောက်တို့ကို ချည်နှောင်ကာ ဆိုင်အတွင်းရှိ ကျပ်လေး သိန်း၊ တယ်လီနောဆင်းမ်ကတ် ၂၄ ကတ်၊ တီဗီတစ်လုံး၊ အရက်ပုလင်း များစသည်တို့ကို ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းရရှိသည်။
::
‘‘ဆိုင်ရှင်က သူတစ်ယောက် တည်း အောက်မှာဈေးရောင်းနေ တာ။ အပေါ်မှာ လူလေးယောက် လောက်ရှိတယ်။ အိပ်ပျော်နေ တာ မသိကြဘူး။ ကျူးလွန်သူတွေ ကတော့ မမိသေးဘူး။ စုံစမ်းဆဲပဲ’’ ဟု အင်းစိန်မြို့နယ် ရဲစခန်းမှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
::
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူသုံးဦးကို အင်းစိန်မြို့မရဲစခန်းတွင် ပြစ်မှုဆိုင်ရာပုဒ်မ-၃၉၂ လုယက်မှုဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်။

7Day ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment