Pages

Pages - Menu

Saturday, October 11, 2014

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ရထားနှင့် ကားတိုက်မိ၊ နှစ်ဦးသေဆုံး


RangonNewsDaily:: October . 11 .2014
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မီးရထားသံလမ်းမိုင်တိုင် အမှတ် (၂၇၁/၁၅) နှင့် (၂၇၁/၁၆ )ကြား တံတားအမှတ် ပေ ၅၁ဝ အုတ်ပြွန် တံတားအနီး၌ အောက်တိုဘာ ၉ ရက် နံနက် ၁ဝ နာရီ ၃၅ မိနစ်က လက်ပံကုန်းရွာမှ ရမည်းသင်းမြို့ဘက်သို့လာသည့် လှည်းလမ်းကူးနေရာတွင် မန္တလေးမှ ရန်ကုန်သို့ထွက်ခွာလာသည့် စက်ခေါင်းအမှတ် (DF1317)အမှတ်(၁၂) အစုန်အမြန်ရထားနှင့် မိတ္ထီလာမြို့နေ ချစ်ကောင်း မောင်းနှင်သည့် ဒိုင်နာ အဖြူရောင်ယာဉ်မှာ ရထားသံလမ်းဖြတ်ကူးစဉ် တိုက်မှုဖြစ်ပွားခဲ့သည်။
ရထားနှင့် မော်တော်ကားတိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်း ချစ်ကောင်း၊ ယာဉ်ပေါ်ပါ ကျော်ဇင်လတ် (၂၇) နှစ်တို့မှာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးကြောင်း စစ်ဆေးတွေ့ရှိရပြီး အမှတ် (၁၂) အစုန် အမြန်ရထားသည် တိမ်းမှောက်မှုမရှိဘဲ ရထားစီးခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှု၊ သေဆုံးမှုမရှိသဖြင့် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

The Mirror Daily ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment