Pages

Pages - Menu

Monday, October 13, 2014

လက်နက်ကြီးကျည်ကျခဲ့ သည့်ဒေါနတောင်ကားလမ်း ပုံမှန်ပြေးဆွဲ


RangonNewsDaily:: October . 13 .2014
မြ၀တီ-ကော့ကရိတ် ဒေါနတောင် ကျော်ကားလမ်းပေါ်တွင် အောက်
တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းက လက်နက်ကြီး ကျည်ကျခဲ့သဖြင့် ခရီးသွားလေးဦး
သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သော်လည်း ယာဉ်တန်း
အတက်၊ အဆင်းမှာ ပုံမှန်ပြေးဆွဲလျက်ရှိသည်။

'ဒီနေ့တက်လာတာ ဘာမှတော့ မဖြစ်ဘူး။ ကံကောင်းတယ်ပဲ ပြောရ
မယ်။ မတတ်နိုင်ဘူးလေ။ ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ ကံတရားလို့ပဲ သဘော
ထားလိုက်တယ်' ဟု ဘားအံမှ မြ၀တီသို့လာသော စောအဒီးကပြောဆိုသည်။
ယနေ့ယာဉ်တန်းအတက်နေ့၌ ခရီးသွားများသည် ပုံမှန်အတိုင်း သွား
နေကြောင်း မြ၀တီ-ကော့ကရိတ်သို့ ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက
ပြောဆိုသည်။

'မနေ့ကဖြစ်တာ ကျွန်တော်တို့နဲ့ မနီးမဝေးမှာပဲ ဖြစ်သွားတာပါ။
ကျွန်တော် ထင်ပါတယ်။ စစ်တပ်ကို ပစ်တာလိုရာ မရောက်ဘဲ ခရီးသည်တွေ
ထိသွားတာနဲ့ တူပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ။ ဒါမျိုးကမလုပ်အပ်ဘူး
လေ။ တွေ့ဖူးတာတွေပြောရမယ်ဆိုရငစစ်တပ်ကပဲပစ်ပစ်၊ သူပုန်တွေပဲပစ်ပစ်
တလွဲတချော်တွေချည်းပဲ။ ကြည့်ရတာ ဒီလူတွေသင်တန်းကောင်းကောင်း
မတက်ရဘူးနဲ့တူတယ်'ဟု ယာဉ်မောင်းတစ်ဦးဖြစ်သူကိုအောင်က ၎င်း၏
ထင်မြင်ချက်ကို ပြောဆိုသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ထိခိုက်မှု
မရှိဘဲ ပုံမှန်ကုန်သွယ်မှုများ စီးဆင်းနေကြောင်း မြ၀တီမြို့မှ ကုန်သည်တစ်ဦးက ပြောကြား
သည်။

'လူတွေက ကိုယ့်အပူနဲ့ကိုယ် သွားလာလှုပ်ရှားနေကြရတယ်။ ချချင်ရင် သူတို့
အချင်းချင်းချပေါ့။ ဘာလို့ မဆီမဆိုင်အရပ်သားတွေကို လာလုပ်ရတာလဲ။ ဘယ်သူပဲ
လုပ်လုပ် သူတို့ကို ပြောချင်တယ်။ ကံ ကံရဲ့အကျိုးဆိုတာရှိတယ်။ မယုံမရှိနဲ့'ဟု အဆိုပါ
ကုန်သည်က ဆက်လက်ပြောဆိုသည်။

မြ၀တီ-ကော့ကရိတ်လမ်းပေါ်တွင် ပြေးဆွဲနေသည့် ယာဉ်ကြီးယာဉ်ငယ်အသွယ်
သွယ်မှာ နေ့စဉ်စီးရေ ၈၀၀ အထက်တွင်ရှိကြောင်း သင်္ကန်းညီနောင်ရှိ အခွန်
ကောက်သည့်ဂိတ်မှ လူငယ်တစ်ဦးက ပြောဆိုသည်။

KOLATT(PBDN)

RangonNewsDaily


No comments:

Post a Comment