Pages

Pages - Menu

Monday, October 13, 2014

ဖမ်းထားသည့် ဒီကေဘီအေ တပ်သားနှစ်ဦးကို အစိုးရပြန်လွှတ်ပေး

RangonNewsDaily:: October . 13 .2014
အစိုးရတပ်မတော်က ဖမ်းထားခဲ့သည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ တပ်သား ၂ဦးကို ယနေ့ ပြန်လွှတ် ပေးခဲ့သည်ဟု DKBA ကော့ကရိတ် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး စောသူရဲနီက အောက်တိုဘာလ ၁၂ရက်က ပြောသည်။
အစိုးရတပ်က ပြန်လွတ်ပေးခဲ့သဖြင့် DKBA တပ်သား စောရန်နိုင် နှင့် စောဆေးဦးတို့ကို ကော့ကရိတ်မြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲရေး ဌာနချူပ်(စကခ ၁၂) တွင် သွားရောက်ခေါ်ဆောင်ပြီးဖြစ်သည်။

“ကလေးတွေကို မေးကြည့်တော့ နှိပ်စက်တာမရှိဘူး၊ ကောင်းကောင်းမွန်မွန်ကျွေးမွေးထားတယ်လို့ ပြောကြပါ တယ်။ ခု DKBA နဲ့ စစ်တပ် ဆက်ဆံရေးက ပုံမှန်ပြန်ဖြစ်သွားပါပြီ။ အောက်ခြေမှာကတော့ အဆက်သွယ်ပြတ် တာလေးတွေရှိတော့ တခါတခါ ဒီလိုမျိုး အဖမ်းခံရတာမျိုးတွေ ရှိတတ်ပါတယ်” ဟု ဗိုလ်မှူး စောသူရဲနီကပြောသည်။

အဆိုပါ တပ်သား၂ဦးသည် ကော့ကရိတ်မြို့တောင်ပိုင်းရှိ ရွာတန်းရှည်မှ တစ်မိုင်ကုန်းရွာသို့ ရွာတန်းရှည် ရွာသားတဦး၏ ဆိုင်ကယ်ကို ဌားရမ်း၍ အောက်တို ဘာလ ၉ရက်၊ ည၉နာရီခန့်က သွားရောက်ရာတွင် အစိုးရ တပ်ဖြစ်သည့် စကခ(၁၂) လက်အောက်ခံတပ်ရင်းတခုက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တစ်မိုင်ကုန်းရွာတွင် ယခင်က DKBA တပ်စခန်းရှိဖူးသော်လည်း လွန်ခဲ့သည့်နှစ်အတွင်းက ရုပ်သိမ်းထားသည် ဟု ဗိုလ်မှူးစောသရဲနီက ဆိုသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စက်တင်ဘာ ၂၆ရက်က အစပြုခဲ့သည့် DKBA နှင့် အစိုးရတပ်တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည့် အောက်တိုက်ဘာ ၁၀ရက်ထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဆက်လက် ဖြစ်ပွားခဲ့သည်။


Mizzima , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment