Pages

Pages - Menu

Friday, October 3, 2014

တယ်လီနောကွန်ရက်အစပိုင်းတွင် ဖုန်းခေါ်ဆိုမှုခက်ခဲနိုင်

RangonNewsDaily:: October . 3 .2014
မန္တလေးမြို့တွင် ဆင်းမ် ကတ်များစတင်ရောင်းချသည့် အချိန်၌ မူလ မျှော်မှန်းထား သည်ထက် ဖုန်းခေါ်ဆိုမှုအများ အပြား ပြုလုပ်ခဲ့သည့်အတွက် အချို့နေရာများတွင် ဖုန်းခေါ်ဆို မှုခက်ခဲနိုင်ပြီး ပြည်သူများမျှော် မှန်းထားသည်ထက် အရည်အ သွေးနိမ့်ကျနိုင်ကြောင်း တယ်လီ နော အမှုဆောင်အရာရှိချုပ် Petter Furberg ကပြောသည်။
‘‘ဝန်ဆောင်မှုကိုစတင်ပေး တဲ့နေ့တွေမှာ မျှော်မှန်းထားတာ ထက်ပိုပြီး ဖုန်းခေါ်ဆိုမှုတွေ အများအပြားပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ အဲဒါကြောင့် တချို့ နေရာတွေမှာ ဖုန်းခေါ်ဆိုတာခက် ခဲမှုလေးတွေရှိနိုင်ပြီး ပြည်သူတွေ မျှော်မှန်းထားတဲ့ တယ်လီနောရဲ့ အရည်အသွေးထက်နိမ့်ကျသွား နိုင်ပါတယ်’’ဟု Petter Furberg ကဆိုသည်။ 

တယ်လီနောအနေဖြင့် လက်ရှိတွင် မန္တလေးမြို့၌ တာဝါ တိုင်ပေါင်း ၇၀ တည်ဆောက်ထားပြီး အသုံးပြုသူအရေအတွက်မှာ ၎င်းတို့မျှော်မှန်းထားသည်ထက် ပို၍ များပြားခဲ့သည့်အတွက် အောက်တိုဘာအတွင်း တာဝါ တိုင် ၁၈ ခု အပြီးတည်ဆောက်၍ ကွန်ရက်ချဲ့ထွင်သွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။

‘‘ကွန်ရက်တစ်ခုစဖွင့်တယ် ဆိုရင် Error ကတော့ ရှိမှာပဲ။ အဲဒါကို အမြန်ဆုံးပြုပြင်ပြီးတော့ အသုံးပြုသူတွေ အဆင်ပြေ အောင်လုပ်ပေးဖို့ အဓိကကျပါ တယ်’’ဟု တယ်လီနောမြန်မာမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

တယ်လီနောအနေဖြင့် မန္တ လေးမြို့တွင်ရောင်းချပေးသည့် ပထမဆုံးနေ့၌ ဆင်းမ်ကတ် ပေါင်းငါးသိန်းကို အရောင်းဆိုင် များသို့ ဖြန့်ချိပေးခဲ့ပြီးနောက် နေ့များတွင်လည်း ဆိုင်များ၏လို အပ်ချက်ပေါ် မူတည်၍ ဆက် လက်ဖြန့်ချိပေးခဲ့ကြောင်းသတင်း ရရှိသည်။

‘‘တချို့ဖုန်းတွေကိုလှမ်းခေါ် ရင် တစ်ခါတည်းနဲ့မရဘူး။ လေး ငါးခါလောက်မှရတယ်။ အမြဲ တမ်းတော့မဟုတ်ဘူး။ တစ်ခါ တလေ ဖုန်းခေါ်ရတာခက်တာက လွဲရင် ဖုန်းပြောရတာကတော့ လိုင်းကြည်တယ်၊ ပြောနေရင်းနဲ့ ကျသွားတာမျိုးတော့မရှိဘူး’’ဟု မန္တလေးမြို့တွင် တယ်လီနော ဖုန်းအသုံးပြုနေသည့်ကိုရဲထွဋ်က ပြောသည်။

7Day DAILY , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment