Pages

Pages - Menu

Saturday, October 11, 2014

စိတ်ချမ်းသာရင်ချမ်းသာသလို၊ စိတ်ဆင်းရဲရင်ဆင်းရဲသလို တစ်ယောက်တည်းနေတတ်အောင် နေတော့မယ့် ခင်ရူပ


RangonNewsDaily:: October . 11 .2014
ခုနောက်ပိုင်း အနုပညာလောကမှာ မနားတမ်းလျှောက်လှမ်းလာခဲ့တဲ့ ခင်ရူပ ဆိုတဲ့ ကောင်မလေးဟာ ပရိသတ်လက်ခံအားပေးမှုကြောင့် ခုဆိုရင် သရုပ်ဆောင်လောကမှာ နေရာတစ်နေရာ ရလာခဲ့ပါပြီ။ ဇာတ်ကားတွေထဲမှာထက် အပြင်မှာ ပိုလှတယ်လို့ ပြောကြတဲ့ ခင်ရူပက အဲ့ဒီအကြောင်းကို “အဲဒါ အသားမကျသေးတာလည်း ပါမယ် ထင်တယ်။
ပြီးတော့ နောက်တစ်ခုက မိတ်ကပ်ပါ။ ညီမ ခုနောက်ပိုင်း မိတ်ကပ်ကို ကိုယ့်ဘာသာကိုယ်ပဲ လိမ်းတယ်။ နောက်ဆုံးရိုက် ထားတဲ့ ဝါစိမ်းနီကမ္ဘာသိမ်းမည် ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း မိတ်ကပ်ကိုယ်တိုင်ပဲ လိမ်းထားပါတယ်။ ညီမအတွက်ကတော့ အရင်ကမိတ်ကပ်ဆရာတွေ မကောင်းဘူးလို့ ဝေဖန်တာတော့ မဟုတ်ပါဘူး။

ကိုယ်တိုင်မိတ်ကပ်လိမ်းခြယ်တာ ညီမအတွက် စိတ်သက်သာရာရလို့ပါ။ ညီမအတွက် ဘယ်သူ့မှ စောင့်စရာမလိုဘူး။ ကားတွေ အများကြီး မရိုက်သေးတာလည်း ပါပါတယ်။ ပရိသတ်တွေကလည်း ညီမကို အပြင်မှာကြည့်ရတာ ပိုအဆင်ပြေပါတယ်”လို့ သူက ပြောပါတယ်။

အားလုံးသိတဲ့အတိုင်း အနုပညာရှင်တော်တော်များများက ခုဆို ဂီတနဲ့သရုပ်ဆောင်နှစ်ခုစလုံးမှာ ရပ်တည် လျှောက်လှမ်းနေကြပြီဆိုတော့ ခင်ရူပအနေနဲ့ရောဂီတဘက် ကူးပြောင်းဖို့ရှိသလားလို့ ဆိုတော့ သူမက “ညီမဝါသနာပါတာက အဆိုတော်။ မလုပ်ဖြစ်သေးတာပဲ ပြောရမှာပေါ့။ 


ညီမလည်း နောက်ပိုင်းမှာ အဓိက စဉ်းစားဖြစ်တယ်။ ငါ့အသက်မွေးဝမ်းကြောင်း ဘာလုပ်မှာလဲ။ ညီမအတွက် အတည်တကျ အထိုင်ကျမယ့်အလုပ် ဘာလုပ်မှာလဲပေါ့ စဉ်းစားမိတယ်။ စဉ်းစားတဲ့အပေါ်မှာ မူတည်ပြီးတော့ပဲ ညီမ အချိန်ယူနေတာပါ”တဲ့။

အချစ်ရေးနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေးပဲလို့ ဆိုလာတဲ့ သူမရဲ့ ရင်ထဲမှာ စကားသံတစ်ချို့တော့ ရှိနေပါတယ်။ အဲ့ဒါကတော့ “ချစ်သူ ဘယ်သူဆိုတာ ထုတ်မပြချင်သေးပါဘူး။ ဘယ်အရာကို မဆို နောက်ပိုင်းမှာ ခင်ရူပအနေနဲ့ အတည်ပါဆိုပြီး ဘယ်သူ့ကိုမှ သေသေချာချာ ရည်ရွယ်ပြီး ပြောပြလို့မရဘူးဆိုတာ သိသွားတယ်။ 


ဘာမှပြောလို့ မရဘူး။ လူတိုင်းကတော့ကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ အဆင်ပြေနေချိန်တော့ လူတိုင်းကို ပေးသိစေချင်ကြတာပါပဲ။ ညီမကတော့ ကိုယ့်ဘာသာကိုယ် အဆင်ပြေနေရင်၊ ကိုယ်စိတ်ချမ်းသာရင် ချမ်းသာသလို၊ စိတ်ဆင်းရဲရင်ရဲသလို ကိုယ့်ဘာသာ တစ်ယောက်တည်းပဲ နေတတ်အောင်နေတော့တယ်။”လို့ သူမက ဆိုသွားပါတယ်။

Trend Myanmar, 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment