Pages

Pages - Menu

Friday, October 3, 2014

ထိုင်းနိုင်ငံတွင် ဗြိတိန် ကျောင်းသားများကို သတ်ခဲ့ကြောင်း မြန်မာအမျိုးသား ဝန်ခံ

RangonNewsDaily:: October . 3 .2014
ထိုင်းနိုင်ငံတောင်ပိုင်း၊ ခိုတောင်ကျွန်း အပန်းဖြေကမ်းခြေတွင် ဗြိတိန်ခရီးသည် နှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း မြန်မာအမျိုးသားက ဝန်ခံလိုက်သည်ဟု အောက်တိုဘာလ ၂ ရက် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။အသက် ၂၃ နှစ်အရွယ်ရှိ ဟနာဝတ်တာရစ်ဂ်ျနှင့် အသက် ၂၄ နှစ် အရွယ်ရှိ ဒေးဗစ်မီလာတို့သည် စက်တင်ဘာလ ၁၅ ရက်တွင် ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် သတ်ခံခဲ့ရခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသော မြန်မာနိုင်ငံသားက ယင်းသတ်ဖြတ်မှုကို ဝန်ခံပြောကြားခဲ့သည်ဟု သည်နေရှင်းသတင်းက ဆိုသည်။

ထိုင်းနိုင်ငံရဲတပ်ဖွဲ့သည် ယင်းမှုခင်းနှင့် ပတ်သက်၍ သတင်းပေးနိုင်သူအား စတာလင် ပေါင် ၁၃၀၀၀ ဆုကြေးငွေ ပေးမည်ဟု ကြေညာခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် တွေ့ရှိခဲ့ရသည့် ပေါက်တူးသည် ဖြစ်နိုင်ချေရှိသည့် လူသတ်လက်နက်ဟု ရဲတပ်ဖွဲ့က ယူဆခဲ့သည်။


စုံစမ်းစစ်ဆေးမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်ခဲ့ကာ ခိုတောင်ကျွန်းတွင် လုပ်ကိုင်သူများမှ သက်သေများနှင့် မျိုးရိုးဗီဇ နမူနာများကို ရယူခဲ့သည်။


မေလာ၏ အသုဘအခမ်းအနားကို အောက်တိုဘာလ ၃ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ၎င်း၏ မိသားစုတောင်းဆိုချက်အရ သီးသန့်ပြုလုပ်မည်ဖြစ်သည်။


Mizzima, 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment