Pages

Pages - Menu

Tuesday, October 14, 2014

ဖိလစ်ပိုင်တွင် ပီဆို ၁၂ သန်းတန်ထီလက်မှတ် မီးပူတိုက်ရာမှ ပျက်စီး

RangonNewsDaily:: October . 13 .2014
ပင်လယ်ရပ်ခြားသို့ အလုပ် သွားရောက် လုပ်ကိုင်ခဲ့ဖူးသည့် ဖိလစ်ပိုင် အလုပ်သမားဟောင်း တစ်ဦးသည် ၎င်း၏ ပီဆို ၁၂ သန်းတန် ထီလက်မှတ်ကို ဖျက်ဆီးခဲ့ခြင်းကြောင့် ဆုကြေးငွေ ထုတ်ယူ နိုင်ရန် အခက်အခဲ ကြုံတွေ့ နေရလျက် ရှိကြောင်း သိရသည်။
အန်တိုနီယိုဖေလန်မန်ဒိုဇာ အမည်ရှိ အဆိုပါအမျိုးသား၏ ပြောကြားချက်အရ ၎င်းသည် ဖိလစ်ပိုင် နိုင်ငံသုံးငွေ ပီဆို ၁၂ သန်းတန် ထီလက်မှတ်ကို အောက်တိုဘာ ၂ ရက်က ဝယ်ယူ ခဲ့ကြောင်းနှင့် ၎င်းလက်မှတ်ကို မြေးဖြစ်သူက ကိုင်ဆောင်ခဲ့ရာ ထီလက်မှတ် တွန့်ကြေ နေခြင်းကြောင့် ၎င်းထီလက်မှတ် ပြန့်သွားစေရန် သမီးဖြစ်သူက မီးပူတိုက်ပေးခဲ့ရာမှ ထီလက်မှတ်၏ အစိတ်အပိုင်း အများစုမှာ မီး လောင်ကျွမ်း သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မိမိတို့ အနေဖြင့် ''လက်မှတ်မပါ ငွေမရ'' ဟူသော မူဝါဒ အပါအဝင် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ သို့ရာတွင် အဆိုပါ ထီလက်မှတ်ကို အန်တိုနီယိုဖေလန်မန်ဒိုဇာက အမှန်တကယ် ဝယ်ယူ သွားခဲ့ကြောင်းကို မန်ဒိုဇာ ဝယ်ယူ ခဲ့သည့် ထီဆိုင်က အတည်ပြု ပေးခဲ့ခြင်းကြောင့် အဆိုပါထီဆုကို မန်ဒိုကရရှိနိုင်သည့် အခြား နည်းလမ်းများကို မိမိတို့ အနေဖြင့် ရှာဖွေလျက် ရှိကြောင်း ဖိလစ်ပိုင်အောင်ဘာလေ ထီရုံး အဖွဲ့၏ ထွေထွေမန်နေဂျာ ဖြစ်သူ ဖာဒီနန်ရိုဇာက်စ်က ပြောကြားခဲ့သည်။

Ref: ABS-CBN news , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment