Pages

Pages - Menu

Sunday, October 26, 2014

ဂျော်ဒန်သွားမယ့် အလုပ်သမား ၁၈ ဦးကို ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်း

RangonNewsDaily:: October . 25 .2014
ဂျော်ဒန်သွားဖို့ စီစဉ်နေသူ ၁၈ ဦးကို ဒီနေ့ (အောက်တိုဘာ ၂၅) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်က ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသားတစ်ဦး ပါဝင်တဲ့ အဆိုပါ အုပ်စုဟာ ပတ်စ်ပို့နဲ့ လေယာဉ်လက်မှတ်ပဲ ပါပြီး အလုပ်ခေါ်စာ၊ အလုပ်သမား အလုပ်ရှင် သဘောတူစာချုပ်တို့ မပါတာကြောင့် ခုလို ထိန်းသိမ်းလိုက်တာ ဖြစ်ပြီး အလုပ်သမားကောင်တာက ခေါ်ယူစစ်ဆေးရင်း သိရှိရတာဖြစ်တယ်လို့ The Voice သတင်းထောက်က သတင်းပေးပို့ ပါတယ်။
စေလွှတ်တဲ့ ကုမ္ပဏီနဲ့ ကြားထဲမှာ ဝင်ရောက်လုပ်ဆောင်ပေးတဲ့ အမျိုးသမီးကိုလည်း လူကုန်ကူးမှု ဥပဒေနဲ့ အရေးယူဖို့ စီစဉ်နေတယ်လို့ လေဆိပ် တာဝန်ရှိသူတွေက ဆိုပါတယ်။
::
လက်ရှိမှာတော့ အလုပ်သမားဝန်ကြီးဌာနက ပိုင်တဲ့ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှာ သူတို့ကို ထိန်းသိမ်းထားပြီး မနက်ဖြန်မှာ ထိုင်းနိုင်ငံကနေ ရန်ကုန်ကိုလာမယ့် အထည်ချုပ် လုပ်ငန်းရှင်နဲ့ တွေ့ဆုံပြီး ထိုင်းနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ စီစဉ်နေတယ်လို့ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုပါတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment