Pages

Pages - Menu

Tuesday, October 7, 2014

အထပ်မြင့်အဆောက်အအုံများ စစ်ဆေးခွင့် အသိအမှတ်ပြု လိုင်စင်အတွက် ပြင်ပ အင်ဂျင်နီယာများစတင်ခေါ်ယူ

RangonNewsDaily:: October . 7 .2014
အထပ်မြင့် အဆောက်အအုံများကို ပြင်ပမှ စစ်ဆေးခွင့်လိုင်စင်အတွက် အရည်အချင်းစစ်ဆေးခြင်း ၀င်ခွင့်စတင်လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့်အဆောက်အအုံဌာနမှ သတင်းရရှိသည်။
ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ တည် ဆောက်ရာ၌ YCDC အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှသာ တိုက်ရိုက်စစ်ဆေးနေသဖြင့် ပြင်ပပညာရှင်များဖြင့် အမြန်ဆုံး စစ်ဆေးပြီး အဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိမည့် အစီအစဉ်ကိုစတင်ရန် စည်ပင်က ပြင်ပအင်ဂျင်နီယာများကိုခေါ်ယူလိုက်ခြင်းဖြစ်သည်။

‘‘ခွင့်ပြုမိန့်ကို ပြင်ပပညာရှင်တွေနဲ့ စစ်တော့ အရင်ကထက် ပိုမြန်သွားမယ်’’ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနဌာနမှူး ဦးသန်းဌေးကပြောသည်။

စစ်ဆေးမည့် ပညာရှင်များအဖြစ် အသိအမှတ်ပြုလိုင်စင်ရလိုသူများသည် အောက်တိုဘာ ၂၀ ရက် နောက်ဆုံးထားပြီး YCDC အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနသို့ လျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားသူသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု PE (Structure) ရရှိသူများ၊ SEC လုပ်သက် ငါးနှစ်ရှိပြီး Ph.D(Civil)ဘွဲ့ရရှိသူများ၊ SEC လုပ်သက် ငါးနှစ်ရှိပြီး M.E (Civil) ဘွဲ့ရရှိသူများ၊ SEC လုပ်သက် ခုနစ်နှစ်ရှိပြီး Post Graduate Diploma (Structure) ဘွဲ့ရရှိသူများ၊ SEC လုပ်သက် ရှစ်နှစ်ရှိပြီး B.E (Civil) ဘွဲ့ရရှိသူများသာ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

‘‘အလုပ်အကိုင် အခွင့်အလမ်းတွေနည်းနေတဲ့ ကျွမ်းကျင် အင်ဂျင်နီယာတွေအတွက် အခွင့်အရေးကောင်းတစ်ခုပါ’’ဟု မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါအစီအစဉ်ကို စည်ပင်အင်ဂျင်နီယာအသင်းနှင့် အထပ်မြင့်အဆောက်အအုံများ စစ်ဆေးရေးကော်မတီတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘွဲ့ရအင်ဂျင်နီယာကျောင်းသား အရေအတွက် နှစ်သိန်းခွဲကျော်မှာ အလုပ်လက်မဲ့ပြဿနာနှင့်ရင်ဆိုင်နေရသည်ဟု အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးဝင်းခိုင်က အခမ်းအနား တစ်ခု၌ ထည့်သွင်းပြောကြားထားသည်။

ရန်ကုန်မြို့တွင် အဆောက်အအုံ တည်ဆောက်ခွင့်ချထားပေးမှုမှာ ယခုနှစ်သည် သက်တမ်းတစ်လျှောက်ဆောက်လုပ်ခွင့်ပါမစ်ချထားမှု အများဆုံး နှစ်တစ်နှစ်ဖြစ်လာနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာနှင့် အဆောက်အအုံဌာနက ခန့်မှန်းထားသည်။


7daydaily , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment