Pages

Pages - Menu

Monday, October 20, 2014

ဂန့်ေ၈ါတွင် အမြတ်ခွန် မဲပေါက်သည်ဟုဆိုကာငွေကျပ် ၁၂ သိန်း လိမ်လည်ယူမှုဖြစ်ပွား

RangonNewsDaily:: October . 20 .2014
ငွေကျပ် ၁၂ သိန်းပေး သွင်းပြီး ဖုန်းဖြင့် ဆက်သွယ်လိမ်ညာယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ဂန့်ဂေါမြို့နယ် ကန် နယ်မြေရဲစခန်းတွင် (ပ)၉ဝ/၂ဝ၁၄ ပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့် တိုင်တန်းမှုတစ်ခု အောက်တိုဘာ ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဂန့်ဂေါ မြို့နယ် နှမ်းခါးရွာနေ အမျိုးသားတစ်ဦးထံမှ သိန်း ၁၃ဝဝ အမြတ်ခွန် မဲပေါက်သဖြင့် အမြတ်ခွန်ပေးဆောင်ရမည် ဆိုပြီး ငွေကျပ် ၁၂ သိန်း လိမ်လည်ခြင်းဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် နှမ်းခါးရွာနေ ဦးကျော်ဝင်း (၅၂ နှစ်)သည် အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီက နေအိမ်တွင်ရှိနေခိုက် ဦးဝင်းမင်းထွန်းဆိုသူက ဖုန်းနံပါတ် ဝ၉၄၂၁ဝ၂၆၉၉၃ ဖြင့် သိန်း ၁၃ဝဝ အ မြတ်ခွန်မဲပေါက်၍ ရရှိမည်ဖြစ်ကြောင်း ထိုသိန်း ၁၃ဝဝ အတွက် အမြတ်ခွန် ၅၂ သိန်း ပေးအပ်ရမည်ဖြစ်ကြောင်း ဖုန်းဖြင့် ဆက်သွယ်လာကြောင်း သိရသည်။
::
ဦးကျော်ဝင်းက ငွေကျပ် ၁၂ သိန်းသာ တတ် နိုင်ကြောင်း ပြောပြသဖြင့် ထိုငွေ ၁၂ သိန်းအား ရန်ကုန် သို့ လွှဲပို့ပေးရန် ပြောဆိုသဖြင့် အဆိုပါနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကလေးမြို့ ရိုးမဘဏ်ခွဲမှ ငွေလွှဲပို့ခဲ့ကြောင်း သိရသည်။
::
ငွေလွှဲပို့ပေးပြီးနောက် သိန်း ၁၃ဝဝ အား ပြန်လည်လွှဲပို့ခြင်း မရှိခဲ့သဖြင့် မိမိလွှဲပို့ထားသည့် ငွေ ကျပ် ၁၂ သိန်းအား ကလေးဘဏ်မှ ပြန်လည် သွားရောက် ထုတ်ယူရာ ရန်ကုန်မြို့ ရိုးမဘဏ်ခွဲ(မင်္ဂလာဈေးဘဏ်) သို့ လွှဲပို့ပြီးဖြစ်ကြောင်းနှင့် ဦးထွန်းထွန်းစိုး (အသက် ၄ဝ)၊ အဖ ဦးစိုးလေး ဒဂုံ(မြောက်) ရန်ကုန်မြို့နေသူမှ ထုတ်ယူပြီးဖြစ်ကြောင်း မှတ်ပုံတင်မိတ္တူသာ လက်ခံ ရရှိခဲ့ကြောင်း သိရသည်။

TheFlowerNew ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment