Pages

Pages - Menu

Sunday, October 19, 2014

လှည်းကူးတွင် ဟိုင်းလတ်တစ်စီး တိမ်းမှောက်

RangonNewsDaily:: October . 18 .2014
လှည်းကူးတွင် ဟိုင်း လတ်ယာဉ်တစ်စီး အရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက်သွား၍ ခရီးသည် ၁၉ ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်-ပဲခူးလမ်းအတိုင်း ရန်ကုန်မှ ပဲခူးသို့ မောင်းနှင်လာသော အမှတ် (၅)ယာဉ်လိုင်းမှ ဟိုင်းလတ်ယာဉ်တစ်စီးသည် အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းက လှည်းကူးမြို့နယ်၊ ၀ါးနက်ကုန်းကျေးရွာအနီး လမ်းလယ်ကျွန်း၌ အရှိန်မထိန်းနိုင်ဘဲ လက်ယာ ဘက်သို့ တိမ်းမှောက်သွားခဲ့ပြီးခရီးသည် ၁၉ ဦး ဒဏ်ရာရရှိခဲ့ ကာ ယာဉ်မောင်းထွက်ပြေးသွား ကြောင်း သိရသည်။

‘‘တက္ကစီတွေလို ဓာတ်ပုံနဲ့ မှတ်ပုံတင်နံပါတ် ဘာလို့မလုပ် ရတာလဲ မထသရယ်။ အခုတော့ စုံစမ်းဆဲတွေချည်းပဲ။ လိုင်စင်မရှိ တဲ့ ဒရိုင်ဘာကလည်း ချလန်ဝယ် ပြီး စစ်ရင်ချလန်ပြဆိုလား။ ဓာတ် ပုံမပါတော့ ဘယ်လိုစစ်မလဲ’’ဟု အမျိုးသားတစ်ဦးက ဝေဖန်သည်။
::
ဟိုင်းလတ်ယာဉ်များရန်ကုန်မြို့အတွင်း ၀င်ရောက်မောင်းခွင့်ရစဉ်က အရှိန်ပြင်းစွာမောင်းသဖြင့် အင်းစိန်လမ်းမပေါ်နှင့် ပြည်လမ်းမပေါ်တွင် မကြာခဏတိမ်းမှောက်လေ့ရှိကြောင်း ရန်ကုန်မြို့နေ အမျိုးသားတစ်ဦးကပြောသည်။ ဟိုင်းလတ်ယာဉ်များကို ယခုနှစ် ဧပြီလကုန်မှ စတင်ကာ ရန်ကုန်မြို့အတွင်းဝင်ရောက် မောင်းခွင့် တားမြစ်ခဲ့သော်လည်းညအချိန်များတွင် ခိုးဝင်မောင်း လေ့ရှိကြောင်း တွေ့ရသည်။

7 Day News ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment