Pages

Pages - Menu

Monday, October 13, 2014

စီရိုနယ်ဒို၏ စာချုပ်ဖျက်တန်ကြေး ယူရို တစ်ဘီလီယံအထိရ


RangonNewsDaily:: October . 13 .2014
စီရိုနယ်ဒို၏ အေးဂျင့် ဂျော့ခ်ျမန်ဒက်စ်၏အဆိုအရ စီရိုနယ်ဒိုမှာ မန်ယူသို့ ပြောင်းရွှေ့ရန်
မဖြစ်နိုင်ဘဲ ရီးရဲလ်တွင်သာ ကစားသမားဘ၀ကို ကုန်ဆုံးစေလိမ့်မည်ဟု သိရှိရသလို စီရိုနယ်ဒို
အသင်းပြောင်းရန် မဖြစ်နိုင်ခြင်းမှာ ၎င်းနှင့် ရီးရဲလ်တို့ ချုပ်ဆိုထားသည့် စာချုပ်ထဲ၌ပါရှိသော စာချုပ်
ဖျက်တန်ကြေး မြင့်မားလွန်းနေ၍ ဖြစ်သည်ဟု ဆိုခဲ့သည်။

စီရိုနယ်ဒိုအနေဖြင့် ရီးရဲလ်နှင့် စာချုပ်ကို ဖျက်၍ အသင်းပြောင်းမည်ဆိုလျှင် ၎င်းကို
ခေါ်ယူလိုသည့်အသင်းအနေဖြင့် ပေါင် သန်း ၈၀၀ ယူရိုငွေနှင့် တွက်လျှင် ယူရို
တစ်ဘီလီယံအထိ ပေးမှ ရမည်ဖြစ်သည်ဟု ဂျော့ခ်ျမန်ဒက်စ်က စပိန်သတင်းစာ
အေအက်စ်သို့ ဖွင့်ဟပြောကြားခဲ့သည်။

ဆက်လက်ပြီး မန်ဒက်စ်က စီရိုနယ်ဒိုမှာ ယနေ့ အားကစားကမ္ဘာ
တွင် အကောင်းဆုံးသော ကစားသမားဖြစ်သလို ထိုသို့သော ကစားသမား
မျိုး နှစ်ပေါင်း ၅၀၀ အတွင်း တစ်ယောက် ထွက်ပေါ်ရန် မဖြစ်နိုင်ကြောင်း
ထို့အတွက် စာချုပ်ဖျက်တန်ကြေးမှာလည်း မြင့်မားရခြင်း ဖြစ်သည်ဟု ထုတ်
ဖော်ပြောဆိုခဲ့သည်။

ရွှေဘောလုံးဆုအတွက် စီရိုနယ်ဒိုနှင့် အဓိက ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်နေ
ရသော မက်ဆီနှင့် ဘာစီလိုနာချုပ်ဆိုထားသည့် စာချုပ်တွင် စာချုပ်ဖျက်တန်ကြေး
မှာ ပေါင် ၃၃၁ သန်းသာ ရှိသည်။

ရီးရဲလ်အသင်းမှာ လာမည့် ဒီဇင်ဘာ ၁၀ရက်မှ ၂၀ ရက်အထိ မော်ရိုကို၌
ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်၌ မက္ကဆီကိုကလပ် ခရုဇ်အဇူ
သို့မဟုတ် အာရှချန်ပီယံလိဂ် ချန်ပီယံအသင်းနှင့် တွေ့မည်ဖြစ်သည်။

KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment