Pages

Pages - Menu

Wednesday, October 22, 2014

Bi မွန်းတည့်နေအမှု သမ္မတထံ တင်ပြမည်ဟု ဦးရဲထွဋ်ပြော

RangonNewsDaily:: October . 22 .2014
Bi မွန်းတည့်နေအမှုနှင့် ပတ်သက်၍ တရားစီရင်ရေးအပိုင်း ပြီးစီးပါက သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် စဉ်းစား ဆောင်ရွက်ပေးနိုင်ရန် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၁ ရက်က မြန်မာဂျာနယ် လစ်ကွန်ရက်ရုံးခန်းတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။
“တရားစီရင်ရေးကို ၀င်စွက်ဖက်လို့တော့ မရဘူး။ တရားစီရင်ရေးပြီးတဲ့အခါ သမ္မတမှာ ဒီကိစ္စတွေကို စဉ်း စားပေးနိုင်တဲ့ အခွင့်အာဏာရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့က ဒီသတင်းစကားကို သမ္မတကြီးကို ရှင်းပြ ရမယ်။ သမ္မတကြီးကလည်း အမှုကို ပြည်ပခရီးစဉ်မှာကတည်းက ကျွန်တော် တရားစီရင်ရေးကိစ္စကို သတင်းပို့တော့ မေးပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။

ပန်းဘဲတန်းမြို့နယ် တရားရုံးက အောက်တိုဘာ ၁၆ ရက်တွင် Bi မွန်းတည့် နေဂျာနယ်အမှုမှ သတင်းမီဒီ ယာသမား ငါးဦးကို ပုဒ်မ ၅၀၅(ခ)/ ၃၄ အရ အမြင့် ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ်နှစ် နှစ်ကျခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
::
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောက “တရားရုံးနဲ့ ပတ်သက်ပြီး သမ္မတ လုပ်ပိုင်ခွင့်က တရားရေးအဆင့်ကုန်မှ နောက်ဆုံးအဆင့် တရားရေး ဆုံးဖြတ်ချက်ပြီးမှ သမ္မတကလုပ်ပိုင် ခွင့်ရှိ တာ။ သမ္မတအခွင့်အာဏာ ဆိုတာ လျှော့ပေါ့ခွင့်တို့၊လွတ်ငြိမ်းချမ်းသာခွင့်တို့ ပေးလို့ရတာမျိုးကို ပြောချင် တယ်လို့ ယူဆတယ်”ဟု ပြောသည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာဂျာနယ်လစ်ကွန်ရက်တို့ တွေ့ဆုံဆွေးနွေးစဉ် Bi မွန်းတည့်နေ ဂျာ နယ် အမှုကိစ္စနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်ထံမှ သိရသည်။
::
" Bi မွန်းတည့်နေကိစ္စ မီဒီယာတွေ ဘက်ကဘယ်လိုမြင်တယ်။ တရားစီရင်ရေး ဘက်က ဘယ်လိုစိုးရိမ်ပူ ပန်မှုတွေ ရှိတယ် ဆိုတာကို ပြန်ပြောပြမယ်၊ ညှိနှိုင်းပေးမယ် လို့ပြောတယ်။ ၀န်ကြီးက သတင်းစကား ပါး ပေးမယ်လို့ပြောတယ်။ တရားစီရင်ရေး အောက်မှာ ဒီထက်ကောင်းအောင် ဘယ်လိုလုပ်နိုင် မလဲပြောကြ တယ်”ဟု ၎င်းက ပြောသည်။“

ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ဂျာနယ်ပိုင်ရှင် ဦးဝင်းတင်နှင့် ပါဝင်ပတ်သက်သူ စွဲချက်တင်ခံ ထားရသူ ဦးယဉ်မင်းထွန်း၊ တာဝန်ခံ အယ်ဒီတာသူရအောင် (ခေါ်) အောင်သန့်၊ အမှုဆောင်အယ်ဒီတာ ဦးဝင်းတင်၊ သတင်းထောက်ကျော်ဇော် ဟိန်း(ခေါ်) မင်းဝဿန်တို့ကို စစ်ဆေးခဲ့ ခြင်းဖြစ်သည်။ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဦးကျော်ဝင်းက ခရိုင်တရားရုံး သို့ အောက်တိုဘာလ တတိယပတ်အတွင်း အယူခံဝင်မည်ဖြစ်သည်ဟု ပြောသည်။
::
တရားရုံးက သြဂုတ်လ ၄ ရက်တွင် Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်တာဝန်ခံအယ်ဒီတာ ကိုရဲမင်းအောင် ကို တရားရှင်လွတ်ခဲ့ပြီး ဂျာနယ်မှ ကျန်ငါးဦးကို အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ကြံရွယ်မှုအရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ- ၅(ဃ)/ (ည)မှ နိုင်ငံ တော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)/ ၃၄ ပုဒ်မဖြင့် ပြောင်းစွဲဆိုခဲ့သည်။
::
ဇူလိုင်လ ၇ ရက်ထုတ် Bi မွန်းတည့်နေ အပတ်စဉ် ဂျာနယ်အတွဲ (၁) အမှတ် (၂၉) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF (ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အား စု)က ထုတ်ပြန်” ခေါင်းစဉ်ဖြင့် သတင်း ရေးသားဖော်ပြခဲ့သောကြောင့် အမှတ် (၂) သတင်းတပ်ဖွဲ့ခွဲ ဒုရဲမှူးသိန်းထွန်းက တရား လိုပြု၍အမှုဖွင့် တိုင် ကြားခဲ့ခြင်းဖြစ်သည်။

Mizzima News ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment