Pages

Pages - Menu

Sunday, September 28, 2014

ရဲရဲတောက် ခေါင်းဆောင်နိုင်မှုရှိဟု NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၇ နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးချုပ်တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
RangonNewsDaily:: September . 28 .2014
ရန်ကုန်(မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်မှ လွှဲ၍ မျိုးဆက်သစ် ခေါင်းဆောင်ရှားပါးနေသည်ဟု ဝေဖန်ခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် လက်ရှိနိုင်ငံရေး အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် မူဝါဒများချမှတ်ရန် အင်အားတောင့်တင်းပြီး ရဲရဲတောက်ခေါင်းဆောင်နိုင်မှု ရှိသည်ဟု စက်တင်ဘာ ၂၇ ရက်တွင် ကျရောက်သည့် ပါတီ ၂၆ နှစ်မြောက်နေ့တွင် တုံ့ပြန် ကြေငြာလိုက်သည်။
NLD အနေဖြင့် လာမည့် အစိုးရသက်တမ်းအတွက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို သမ္မ တလောင်းအဖြစ် ထောက်ခံမည်ဟူသည့် ရိုက်တာသတင်းဌာနက စက်တင်ဘာ ၂၃ရက်တွင် ဖော်ပြခဲ့ပြီး နောက် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

“အဖွဲ့ချုပ်သည် ပြောင်းလဲနေသော နိုင်ငံရေးအနေအထားများ၊ ကာလဒေသနှင့် လိုက်လျောညီထွေမှုရှိသည့် မူ ဝါဒသစ်များကို ချမှတ်ရန် အင်အားတောင့်တင်းပြီး ရဲရဲတောက်ခေါင်းဆောင်နိုင်မှုလည်း ရှိပါသည်” ဟု NLD၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

လာမည့်အစိုးရသက်တမ်းတွင် သမ္မတဖြစ်လိုသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ေ အာင်ဆန်း စုကြည်နှင့် လက်ရှိအာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းတို့က အသီးသီး ထုတ်ဖော်ပြောဆိုထားသည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်သည် နိုင်ငံခြားသား အိမ်ထောင်ဘက်နှင့် သားသမီး ရှိသူများကို သမ္မတရာထူးတွင် ခန့်အပ်ခြင်းမပြုနိုင်ရန် ပိတ်ပင်တားမြစ်ထားသည်။ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်နှင့် သူ့သားနှစ်ဦးစလုံးမှာ ဗြိတိသျှနိုင်ငံသားများဖြစ်ကြပြီး ထိုပြဌာန်းချက်သည် ဒေါ်အောင် ဆန်းစုကြည်ကို ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်သည်ဟု အများကယုံကြည်ကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များ ကိုပြင်ဆင်နိုင်ရန် မြန်မာနိုင်ငံတွင် ပေါ်ထွန်းစလွှတ်တော်အမတ် အားလုံး၏ ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံရမည်ဖြစ်သည်။

ပါတီအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည့် တာဝန်နှစ်ခုကိုလည်း NLDက ထုတ်ပြန်လိုက်ပြီး ၎င်းတို့မှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖော်ဆောင်ရေး ကြိုးပမ်းရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ ဖြစ်သ ည်။

ထို့ပြင် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ စစ် မှန်သောဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးနှင့် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးစသည့် လုပ် ငန်းများကိုလည်း ပြည်သူလူထုနှင့်လက်တွဲကြိုးပမ်းသွားမည်ဟု NLD၏ ကြေငြာချက်တွင် ပါရှိသည်။

NLDတွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဦးဆောင်သော ဗဟိုကော်မတီ ၁၂၀ ဦး၊ အရံဗဟိုကော်မတီ ၅၀ ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးနှင့် အရံဗဟိုအလုပ်အမှုဆောင် ၅ ဦးတို့ ဖွဲ့စည်းထားသည်။

KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment