Pages

Pages - Menu

Wednesday, September 10, 2014

ပွင့်လင်းမြင်သာမှုမရှိ၊ အရောင်းကိုယ်စားလှယ်ဆိုင်မရှိဟုဆိုကာ လက်ပံတန်းမြို့တွင် MPT ဆင်းမ်ကတ်များ ကျပ်နှစ်သောင်းကျော်ဖြင့် ရောင်းချနေ


RangonNewsDaily:: September . 10 .2014
မြန် မာ့ဆက်သွယ်ရေးမှ ရောင်းချသော ငွေကျပ် ၁၅ဝဝတန် ဆင်းမ်ကတ် များကို ပဲခူးတိုင်းဒေသကြီး လက်ပံ တန်းမြို့ရှိ ဖုန်းအရောင်းဆိုင် လေး ဆိုင်ခန့်က ရန်ကုန်မြို့မှ နည်းအမျိုး မျိုးဖြင့် တစ်ဆင့်ခံဝယ်ယူ၍ ပြန် လည်ရောင်းချပေး နေကြရသည့် အ တွက် ဝယ်ယူလိုသော ဒေသခံများ အနေဖြင့် အခက်အခဲဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
''အခုရောင်းနေတဲ့ပုံစံက မျှ တမှုမရှိဘူး။ ပွင့်လင်းမြင်သာမှုလဲ မရှိဘူး။ ကျွန်တော်တို့လဲ သူများ နည်းတူ လိုက်ရောင်းနေရတာလေ။ စရောင်းရောင်းခြင်း ကျပ် တစ်သောင်း၊ နောက်တစ်သောင်းခွဲ၊ အခု နှစ် သောင်းကျော်ဖြစ်သွားပြီ၊ ကျွန်တော် တို့မြို့နယ်မှာ အရောင်းကိုယ်စား လှယ်ဆိုင်လဲ မရှိဘူးလို့ သိရတယ်။ 

ရန်ကုန်က ပြန်ယူရောင်းနေရတာ ဆိုတော့ ဈေးက သူတို့လုပ်ချင်သလို လုပ်ပြီး ရောင်းချင်တဲ့ပုံစံနဲ့ ရောင်း နေတာကို တကယ်ဆိုရင် မြို့နယ် အလိုက် လိုသလောက် ရောင်းချပေး မယ်ဆိုရင် အခုလိုမျိုးတွေ ဖြစ်မလာ နိုင်ပါဘူး'' ဟု ဟန်းဆက်အရောင်း ဆိုင်ရှင်တစ်ဦးက ပြောသည်။
::
လက်ပံတန်းမြို့နယ်ရှိ ဖုန်းအ ရောင်းဆိုင်အချို့တွင် ဟန်းဆက်တစ် လုံးနှင့် တွဲရောင်းချမှုများရှိသကဲ့သို့ ဆင်းမ်ကတ်တစ်မျိုးတည်းရောင်းချ လျှင်လည်း ဈေးအမျိုးမျိုးဖြင့် ရောင်း ချလျက်ရှိသည်။

''တစ်မြို့နယ်ကို လိုင်းကတ် ဘယ်လောက်ရောင်းပေးသလဲမသိ၊ ဘယ်လိုပုံစံနဲ့ရောင်းမှန်း လဲမသိတော့ ဟန်းဆက်ဆိုင်မှာပဲ သူတို့သတ်မှတ် တဲ့ဈေးနဲ့ ဝယ်နေရတာပေါ့။ Ooredoo တိုင်မပြီးသေးတော့ ဒီမြို့မှာသုံးရ တာ အဆင်မပြေဘူး။ ဝယ်ပြီးလွှင့် ပစ်တဲ့သူတောင် ရှိတယ်။ 
::
MPT ကိုပဲ လိုချင်ကြတာ။ ဒါပေမဲ့ အစိုးရ သတ်မှတ်တဲ့ဈေး မဟုတ်ဘဲ မှောင်ခို ဈေးပဲဖြစ်နေတော့ လူတိုင်းမသုံးနိုင် သေးဘူးပေါ့'' ဟု ဒေသခံတစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။
::
လက်ပံတန်းမြို့မှ ဖုန်းအရောင်း ဆိုင်အချို့သည် ရန်ကုန်မြို့ရှိ ဖုန်း အရောင်းဆိုင်များမှ ငွေဖြည့်ကတ် ကျပ်သိန်းနှစ်ဆယ်ဖိုးဝယ်ယူပါက MPT ဆင်းမ်ကတ် ၂ဝနှင့် ငွေဖြည့် ကတ် ကျပ်ဆယ်သိန်းဖိုးဝယ်ယူပါ က MPT ဆင်းမ်ကတ် ၁ဝခုရရှိ ကြောင်း သိရသည်။

YMG ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment