Pages

Pages - Menu

Saturday, September 6, 2014

ISတို့၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက ပူးပေါင်းတုံ့ပြန်ရန် အိုဘားမား တိုက်တွန်း


RangonNewsDaily:: September . 6 .2014
ခြိမ်းခြောက်မှု ကြီးမားလာသည့် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို နိုင်ငံတကာက ပူးပေါင်းတိုက်ခိုက်
သင့်ကြောင်း အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက တိုက်တွန်းခဲ့သည်။
စက်တင်ဘာ (၅)ရက်က ဝေလတွင် ပြုလုပ်သည့် NATO မဟာမိတ်တပ်ဖွဲ့ ညီလာခံ နောက်ဆုံးနေ့တွင် အိုဘားမားက မိန့်ခွန်း ပြောကြားခဲ့ရာ အမေရိကန် အနေဖြင့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို ချေမှုန်းတိုက်ခိုက်ရေးအတွက် အရှေ့အလယ်ပိုင်း မဟာမိတ်များနှင့် ပူးပေါင်းပါဝင်သွားမည်ဟုလည်း ကတိပြုသွားသည်။

“ဒီကိစ္စက တစ်ညတည်းနဲ့ ထပြီး အကောင်အထည် ပေါ်လာမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်းချဉ်းကပ်ဦးတည်ဖို့ လိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဆီ ရောက်နိုင်
မှာပါ”ဟု အိုဘားမားက ဆိုသည်။

ISတို့ကို တိုက်ခိုက်နေသည့် အီရန်နိုင်ငံနှင့် စစ်ရေးအရ ပူးပေါင်းဆင်နွှဲရန် အမေရိကန်တွင် အစီအစဉ် မရှိကြောင်း နိုင်

ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်းတွင် ကြေညာထားသော်လည်း အိုဘားမားက မိမိတို့ အနေဖြင့် IS၏ အရေးကို အ
ထူး အလေးအနက် ထားရမည်ဟု ဝန်ခံသွားခဲ့သည်။ “ISရဲ့ စုဖွဲ့မှုကို ယုတ်လျော့သွားအောင် လုပ်ရမယ်။ အဆုံးစွန် ရည်
မှန်းချက်အရ သူတို့ကို အပြီးသတ် ဖယ်ရှား ဖျက်ဆီးဖို့ထိ ကြိုးစားရမယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်သည် ISအဖွဲ့ကို အီရတ်မြောက်ပိုင်း ဒေသများတွင် လေကြောင်းမှ အကန့်အသတ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ေ

သော်လည်း မြေပြင်တပ်များဖြင့် ထိုးစစ်ဆင်ရန် တောင်းဆိုမှုများကို အစဉ်တစိုက် ငြင်းဆန်ခဲ့သည်။ အမေရိကန်၏ ဗုံးကြဲ
မှုကို တုံ့ပြန်သည့် အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ISတို့က ဖမ်းဆီးထားသည့် အမေရိကန် သတင်းထောက် နှစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။

လတ်တလောတွင် ပြည်သူ့စစ်များ၊ ကာဒစ်ရှ် တိုက်ခိုက်ရေး သမားများ ပါဝင်စုစည်းထားသည့် အီရတ် တပ်များသည် ISတို့ သိမ်းယူထားသည့် အေမာလီနှင့် ဆူလိုင်မန်ဘက်ခ် မြို့များကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေး အသာစီး ရလဒ်

များ ဖော်ဆောင်နိုင်နေကြောင်း သိရှိရသည်။

Channel News Asia , 7Day Daily , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment