Pages

Pages - Menu

Wednesday, September 24, 2014

Facebook က သင့်အချစ်ရေး၊ အိမ်ထောင်ရေးကို မပျက်စေဖို့

RangonNewsDaily:: September . 24 .2014
၂၀၁၁ ခုနှစ်က အမေရိကန်မှာ အိမ်ထောင်ကွဲသူ ၁၀၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း ကျော်ဟာ Facebook နဲ့ တစ်နည်းတစ်ဖုံ ဆက် စပ်ပြီး ဖြစ်ခြင်း ဖြစ်ကြောင်း စစ်တမ်းအရ သိရ ပါတယ်။ ဒါ့အပြင် တစ်နှစ်ထပ် တစ်နှစ်လည်း ယင်း ရာခိုင်နှုန်းဟာ တိုးလာပြီး Facebook အသုံးပြုတဲ့ နိုင်ငံ အတော်များများမှာ ဖြစ်လာပါတယ်။
အဓိက အကြောင်းအရင်းကို ရှာဖွေတဲ့အခါမှာ အချက်က တစ်ခုတည်းပါ။ ချစ်သူ နှစ်ဦးကြား၊ အိမ်ထောင်တစ်ခုကြား တစ်ဦးပေါ် တစ်ဦး ပွင့်လင်းမှု မရှိခြင်း ဖြစ်ပါတယ်။ တိုးတက်လာတဲ့ ခေတ်ကြီးမှာ Facebook ပေါ်မှာ တစ်ဦးကိုယ် တစ်ဦး သိဖို့ မခက်ပါဘူး။ ငယ်ပေါင်း မိတ်ဆွေတွေ တွေ့ရသလို ငယ်ချစ်လည်း တွေ့တတ်ကြပါတယ်။

မိတ်ဆွေသစ်ရရှိခြင်းက memory အသစ်များ ဖြစ်စေပေမယ့် မိတ်ဆွေဟောင်းပြန်တွေ့ခြင်းက memory ဟောင်းတွေ ကို ပြန် အမှတ်ရစေပါတယ်။ အဲ့ဒီလို memory အသစ်တွေ ရလို့ပဲ ဖြစ်ဖြစ်၊ အဟောင်းတွေ ပြန်အမှတ်ရပဲ ဖြစ်ဖြစ် ယင်းအချိန်မှာ၊ စကားပြောဖြစ်တဲ့အချိန်မှာ မိမိရဲ့ တိုင်ပင်ရမယ့် သူက မိမိရဲ့ ချစ်သူ၊ ဇနီး၊ ခင်ပွန်း သာ ဖြစ်ဖို့ လိုအပ် ပါတယ်။ အကယ်၍ ဒါကို လျှို့ဝှက်ချက် တစ်ခု အနေနဲ့ ထားရင် ယင်း လျှို့ဝှက်ချက်ဟာ မိမိရဲ့ အိမ်ထောင်ရေး၊ အချစ်ရေး အစိတ်အပိုင်း များကို ဖျက်ဆီး သွားပစ်နိုင်ပါတယ်။

အချို့က ဒါကို ပြောပြလိုက်ရင် စကားများ ပြဿနာ တက်နိုင်ကြောင်း ဆိုပါတယ်။ အမှန်တော့ ကိုယ်က ရိုးသားရင် ဘာမှ ဖြစ်မလာ ပါဘူး။ အမှန်အတိုင်း ဖွင့်ဟ တိုင်ပင်လာသူကိုလည်း မိမိက ချစ်သူ အပေါ် ပြန်လည် နားလည်ပေးတတ်ဖို့ လိုအပ် ပါသေးတယ်။ 


ဒီတော့ တစ်ဦးပေါ် တစ်ဦး ပွင့်လင်းမြင်သာမှု ရှိပြီး၊ နားလည်မှလည်း ရှိထားကြရင် ဘယ်လို Social Media မျိုးတွေ ပေါ်ပေါ် ဘာမှ ဖြစ်မလာပါဘူး။ နည်းပညာက ဘယ်လောက်ပဲ တိုးတက် တိုးတက် မိမိရဲ့ ကိုယ့်ကျင့်တရားကတော့ အမြဲတမ်း အမှန်တရားမှာ တည်ကြည်နေဖို့ လိုအပ် ပါတယ်။ 
.
ရိုးရာလေး , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment