Pages

Pages - Menu

Sunday, September 28, 2014

ရန်ကုန်မြို့သစ် စီမံကိန်းကို ၂၀၄၀ အတွင်း ပြန်လုပ်မည်ဟု မြို့တော်ဝန်ပြော

RangonNewsDaily:: September . 28 .2014
ရန်ကုန်မြို့သစ်စီမံကိန်း ကို လေ့လာသုံးသပ်ရန် ရပ်ဆိုင်း လိုက်သော်လည်း တိုးချဲ့မည့် အစီအစဉ်ကို ၂၀၄၀ ပြည့်နှစ် အတွင်း ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝန် ဦးလှမြင့်ကပြောကြားသည်။
‘‘ထပ်မံလေ့လာသုံးသပ်ဖို့ လိုတယ်ဆိုပြီး ဖျက်သိမ်းလိုက် တာပေါ့နော်။ ဒါပေမဲ့ နဂို ရန်ကုန်မြို့သစ်စီမံကိန်း ၂၀၄၀ အရ JICAနဲ့ ဆွေးနွေးထားပြီးသားလေ။ ဘယ်နေရာမှာ မြို့ကိုချဲ့ဖို့ လို တယ်ဆိုတာ ပါပြီးသားပါ။ လူ ဦးရေလည်း တိုးလာတာပေါ့နော်။ မြို့သစ်ကတော့ ၂၀၄၀ အတွင်း တော့ ချဲ့မှာပါ။ ဘယ်လိုပုံစံနဲ့ ချဲ့ မလဲဆိုတာတော့ ပြန်ပြီးတော့ အကုန်လေ့လာသုံးသပ်ရဦးမှာ ပေါ့’’ဟု စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်အား7 Day သတင်းစာက မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်း ဆိုင်းငံ့လိုက်ခြင်းနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများမေးမြန်းရာ ‘‘အကောင်းဘက်ကို သွားလား၊ အဆိုးဘက်ကိုသွား လားဆိုရင်တော့ နှစ်ခုရှိတာပေါ့ နော်။ အားသာချက်၊ အားနည်း ချက်၊ ကောင်းကျိုး၊ ဆိုးကျိုးဆို တာတော့ ရှိတာပေါ့နော်။ လူဦး ရေတိုးချဲ့ဖို့ရယ်။ အဲဒီမှာရှိတဲ့ ပြည်သူလူထုရဲ့ဘ၀တိုးတက် အောင်လုပ်ဖို့ရယ်၊ အမြင်ကတော့ကောင်းတဲ့ဘက်ကပေါ့’’ဟု ရန် ကုန်မြို့တော်ဝန်ဦးလှမြင့်က ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး အ နောက်ဘက်ပိုင်းတွင် တိုးချဲ့ရန် စီစဉ်ထားသည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဟု စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန် တိုင်းလွှတ်တော်အစည်းအဝေး ၌ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖျက်သိမ်းလိုက်သည့် ရန် ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန် မြို့အနောက်ဘက် ဧကသုံး သောင်းခန့်ကျယ်ဝန်းမည့် ဧရိယာတွင် ကျပ်ဘီလီယံ ခုနစ်ထောင်ကျော်နှင့် အမေရိကန် ဒေါ်လာ ရှစ်ဘီလီယံ(စုစုပေါင်း ဒေါ်လာ ၁၅ ဘီလီယံဝန်းကျင်) အကုန်အကျခံဆောက်လုပ်သွားမည့် စီမံကိန်းဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ဆောက် မည်ဟု သြဂုတ်လ ၂၂ ရက်က တရားဝင် ကြေညာခဲ့ပြီးနောက်ဝေဖန်မှုအများအပြားရှိသည်။

ရန်ကုန်မြို့၏ အနောက် ဘက်တွင်ရှိသော ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင် မြစ်နှင့် လှိုင်သာယာတွံတေးကားလမ်းကြားမြေနေရာများကို မြို့သစ်တည်ဆောက်မည်ဟု ကြေညာခဲ့၍ ယင်းနေရာရှိ မြေဈေးကွက်မှာ တစ်ဧကလျှင် ကျပ်သိန်းထောင်ချီထိ ပေါက်ဈေး မြင့်တက်သွားခဲ့သည်။

မြို့သစ်စီမံကိန်းတွင် မြေ ၀ယ်ထားသူများမှာ ပိုက်ဘောမိပြီ ဖြစ်ကြောင်း စိုးခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်က ပြောကြားသည်။

မြို့သစ် စီမံကိန်းကြောင့် ယင်းနေရာများတွင် လာရောက်ဝယ်ယူထားကြသူ အများစုမှာ တရုတ်လူမျိုးများဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment