Pages

Pages - Menu

Monday, September 29, 2014

အအေးမိခြင်းကို အလွယ်တကူပျောက်စေမည့် သဘာဝကုထုံးများ

RangonNewsDaily:: September . 28 .2014
ရေအကြာကြီးချိုးခြင်းကြောင့် ဖြစ်စေ၊ လေစိမ်းအတိုက်ခံရ၍ ဖြစ်စေ၊
လေပန်ကာကြောင့် ဖြစ်စေ၊ မိုးရေကြောင့် ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် အအေးမိပြီး နေမကောင်းဖြစ်လျှင် ဆေးရုံဆေးခန်းသွားပြရန် အခက်အခဲကြုံနေသူများအတွက် နေအိမ်အတွင်း အလွယ်တကူ ပျောက်ကင်းသက်သာစေမည့် သဘာဝကုထုံးများကို တင်ပြလိုက်ပါတယ်။
၁။ ဂျင်းပြုရည်ထဲကို ပျားရည်အနည်းငယ် ရောစပ်၍ မအိပ်ခင် သောက်ပေးပါ။
ပူပူနွေးနွေးသောက်ပေးပါက ပိုကောင်းပါသည်။

၂။ နနွင်းအနည်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာခန့် ကို နွားနို့ ပူပူဖြင့် အတူသောက်ပေးပါ။ မအိပ်ခင်အချိန်လေးမှာ သောက်ပေးပါ။

၃။ ကြက်သွန်နီကိုထောင်း၍ အရည်ညစ်ယူပါ။ လက်ဖက်ရည်တစ်ဇွန်းခန့် ရလျှင် သောက်ပေးပြီးမှ အစာစားပါ။ ခန္ဓာကိုယ်ထဲ အနွေးဓါတ်ကို တိုးစေပြီး ချွဲသလိပ်ကိုလည်း ကြေစေပါသည်။

၎။ ရေနွေးကြမ်း (လက်ဖက်ရည်ကြမ်း) ပူပူနွေးနွေးထဲကို ပျားရည်အနည်းငယ် ထည့်၍ သောက်ပေးပါ။

၅။ ရေအေး(ရေစိမ်း)ကို မသောက်ပဲ ရေကျက်အေးကိုသာ သောက်ပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွတ်များ၏ စွပ်ပြုရည် ပူပူကိုသောက်ပေးပါ။ အရည်ကို များများသောက်ပေးလျှင် ဆီးများများသွားပြီး ခန္ဓာကိုယ်ထဲရှိ အပူများ ဆင်းသွားပြီး သက်သာပျောက်ကင်းသွားလိမ့်မည်။

၎င်းဆေးနည်းများကို အကုန်လုပ်ရန်မလိုပဲ ကိုယ်နှင့်အလွယ်တကူ အဆင်ပြေမည့်နည်းကို ရွေးချယ်နိုင်ပါတယ်။ ဒီဆေးနည်းတွေကတော့ ရိုးရိုးအအေးမိခြင်းအတွက်သာ ရည်ရွယ်ပါတယ်။

ရိုးရိုးအအေးမိတာ မဟုတ်ပဲ လေထဲကူးစက်တတ်သည့် ဗိုင်းရပ်အမျိုးမျိုးကြောင့် ဖျားနာလျှင်၊ အဖျားကြီးနေလျှင် ဆေးခန်းသွား၍ ဆရာဝန်နှင့် ပြသင့်ပါသည်။

လူတိုင်း ရောဂါကင်းဝေးပြီး ကျန်းမာသက်ရှည်နိုင်ကြပါစေ။

ဆောင်းပါးရှင် = နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: How to Cure the Common Cold Naturally.


KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment