Pages

Pages - Menu

Tuesday, September 2, 2014

ပြိုင်ကားများ တရားဝင်တင်သွင်းခွင့် ပိတ်ထားဦးမည်ဟုဆို

RangonNewsDaily:: September . 2 .2014
မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒများ အဆင့်ဆင့်လျှော့ချခဲ့ပြီး တင်သွင်းခွင့်များ ပိုမိုလွတ်လပ်လာသော်လည်း ရန်ကုန်မြို့တွင်း အရှိန်မြှင့်မောင်းနှင်မှုများကြောင့် မကြာခဏ ပြဿနာဖြစ်ပွားနေသော ပြိုင်ကားများတင်သွင်းခွင့်ကိုမူ တရားဝင်ခွင့်ပြုသွားမည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်မြို့တွင် ကမ္ဘာကျော်ကားအမှတ်တံဆိပ်ကား Show Room များ လာရောက်ဖွင့်လှစ်ပြီး ပြသထားသော ပြိုင်ကားများမှာလည်း မြေပြင်တွင် မောင်း နှင်ရန်အတွက် ခွင့်ပြုထားခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ Show Room ၏ လိုင်စင်ဖြင့်သာ ပြသထားခြင်းဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ သိရသည်။

““ရန်ကုန်မြို့တွင်းမှာ မောင်းနှင်နေတဲ့ ပြိုင်ကားတွေမှာ ပြိုင်ကားစစ်စစ်က ရှားပါတယ်။ Belta၊ Insight၊ Civic၊ Mark II စတဲ့ ကားအမျိုးအစား တွေကို ပြိုင်ကားဒီဇိုင်းဆင်ပြီး မောင်းနှင် နေကြတာပါ။ မြန်မာနိုင်ငံမှာ အများဆုံး တွေ့ရတဲ့ ပြိုင်ကားက အာရှနိုင်ငံတွေက အမျိုးအစားတွေဖြစ်တဲ့ Nissan Fairlady၊ Mazda MR2၊ MRX စတဲ့ အမျိုးအစားတွေ အတွေ့များပါတယ်။
::
ဒီကားတွေ ၀ယ်ယူရာမှာလည်း ငွေကြေး ချမ်းသာတဲ့ လူငယ်အများစုက သက်ဆိုင်ရာ Show Room တွေနဲ့ချိတ်ဆက်ပြီး အခြားကားတွေနဲ့ ရောနှောတင်သွင်းလာ ကြတာပါ။ ပြိုင်ကားဆိုပြီး အမည်မခံပါဘူး။ ပြိုင်ကားကို သီးသန့်တင်သွင်းခွင့် လုံးဝမပေးထားဘူး””ဟု စီးပွား/ကူးသန်း ၀န်ကြီးဌာန၊ မော်တော်ယာဉ်အရောင်း စင်တာ စစ်ဆေးရေးအဖွဲ့မှ အကြီးတန်း အရာရှိတဦးက ပြောသည်။

ယခုကဲ့သို့ စီးပွား/ကူးသန်းဝန်ကြီး ဌာနမှ ပြိုင်ကားများ တင်သွင်းခွင့်မပြုထား သော်လည်း အာရှဒေသမှ ပြိုင်ကားများ အပြင် ဥရောပမှ ကမ္ဘာကျော်ပြိုင်ကားများ ဖြစ်သည့် Ferrari၊ Lamborghini၊ Porsche စသည့် တန်ဖိုးကြီးပြိုင်ကားများ မြန်မာ- ထိုင်းနယ်စပ်တွင် ရောင်းဝယ်မှုများ၊ မှောင်ခိုတင်သွင်းမှုများရှိနေပြီး ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ အင်းလျား လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတို့တွင် ညဥ့်အချိန်၌ အဆိုပါပြိုင်ကားများ အပြိုင်အဆိုင် မောင်းနှင်နေကြကြောင်း သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုအောင်ထက်က ပြောသည်။
::
““ဒီလို ကမ္ဘာကျော်ပြိုင်ကားတွေ၊ နယ်စပ်ဒေသတွေ၊ အထူးသဖြင့် ထိုင်းဘက်မှာ အရောင်းအ၀ယ်ဖြစ်နေတယ်။ ရန်ကုန်မြို့လမ်းမတွေပေါ်မှာလည်း အဲဒီ ပြိုင်ကားတွေ တွေ့နေရတယ်။ စီးပွား/ကူးသန်းဝန်ကြီးဌာနက ခွင့်မပြုထားဘူးဆိုပေမယ့် မှောင်ခိုရောင်းဝယ်နေမှုတွေကို ထိရောက်စွာ အရေးယူပေးဖို့ လိုပါတယ်”” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင်း ပြိုင်ကားများ တရားဝင်တင်သွင်းမောင်းနှင်ခွင့်ပေးရန်မှာ ရန်ကုန်မြို့လမ်း
မများသည် ကမ္ဘာကျော် ပြိုင်ကားများနှင့် ကိုက်ညီမှုမရှိသည့်အတွက် သီးသန့်ပြိုင်ကားမောင်းနှင်ကွင်းများ တည်ဆောက်ပေးရန် ပြိုင်ကားချစ်သူများအဖွဲ့မှ တောင်းဆိုထားသော်လည်း ပြိုင်ကားများ၏ စည်းကမ်းမဲ့အရှိန်မြှင့် မောင်းနှင်မှုများနှင့် ယာဉ်တိုက်မှုဖြစ်ပွားပါက ဖမ်းဆီးရမိရန် မလွယ်ကူသောကြောင့် ပြိုင်ကားများ တင်သွင်းခွင့်ပြုရန် လျှောက် ထားမှုများရှိသော်လည်း လုံးဝခွင့်ပြုဦးမည် မဟုတ်ကြောင်း စီးပွား/ကူးသန်း ၀န်ကြီး ဌာနမှ သိရသည်။
::
ရန်ကုန်မြို့တွင် ယနေ့အထိ တရားဝင်ဖွင့်လှစ်ခွင့်ပြုထားသော တပတ်ရစ်ကားပြခန်း (၁၇၀)ကျော်နှင့် ကားသစ်ပြခန်း (၁၅)ခု ဖွင့်လှစ်ထားပြီး မည်သည့် ကုမ္ဗဏီအားဆို တရားဝင်ပြိုင်ကားတင်သွင်းခွင့်မရှိကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။

News Watch ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment