Pages

Pages - Menu

Wednesday, September 17, 2014

ဆံပင်ပုံစံအသစ်အား ဝက်ဘ်ဆိုက်ပေါ်တွင် ဆလီနာဂိုမက်ဇ် ထုတ်ဖော် ပြသ


RangonNewsDaily:: September . 16 .2014
ဒစ္စနေး ရုပ်သံမင်းသမီးနှင့် အဆိုတော် ဆလီနာ ဂိုမက်ဇ်သည် မကြာသေးမီက ညှပ်ထားသော ၄င်း၏ ဆံပင်ပုံစံ အသစ်ဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံနှစ်ပုံကို Instagram ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ဆလီနာဂိုမက်ဇ်၏ ဆံပင်ပုံစံသစ်မှာ နဖူး ပေါ်ဝဲချထားသော ပုံစံညှပ်ထားခြင်း ဖြစ်သည်။ ဆံပင် ပုံစံသစ်ဖြင့် ရိုက်ကူးထားသော ဆလီနာ၏ ဓာတ်ပုံများကို ပရိသတ်များက Instagram ဝက်ဘ်ဆိုက်တွင် Like များပေးခဲ့ကြရာLikes ပေးသူ တစ်သန်းကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

သူမသည် ယခင်က ကနေဒါပေါ့ပ် အဆိုတော် ဂျက်စတင်ဘီဘာနှင့် ချစ်ကြိုက်ခဲ့ဖူးပြီး ယခုအခါ အခြား အမျိုးသား တစ်

ဦးနှင့် တွဲနေသည် ဟူသော သတင်း များ ထွက်ပေါ် လျက်ရှိသည်ဟု မီဒီယာများတွင် ဖော်ပြထားသည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment