Pages

Pages - Menu

Thursday, September 25, 2014

ငွေဆောင်ကမ်းခြေတွင် ရေနစ်သေဆုံးခဲ့သည့် မိတ်ကပ်ဖန်တီးရှင်နှစ်ဦး၏ ရုပ်အလောင်းများကို ရန်ကုန်သို့ ပြန်လည်သယ်ဆောင်ခဲ့


RangonNewsDaily:: September . 25 .2014
ငွေဆောင်အ ပန်းဖြေကမ်းခြေတွင် ရေနစ်သေဆုံးခဲ့သည့် မိတ်ကပ်ဖန်တီးရှင် နှစ်ဦး၏ ရုပ်အလောင်းများကို ရန်ကုန်မြို့တွင် မီးသင်္ဂြိုဟ်ရန် ပြန်လည်သယ်ဆောင် ခဲ့သည်။
အဆိုပါ မိတ်ကပ်ဖန်တီးရှင်နှစ်ဦးဖြစ် သည့် ဖြူစင်နှင့် မငယ်တို့သည် တေးစီးရီး ဗီစီဒီရိုက်ကူးရေးအတွက် တေးသံရှင် ဝိုင်းစု ခိုင်သိန်း၊ စန္ဒီမြင့်လွင်တို့နှင့်အတူ ငွေဆောင် ကမ်းခြေသို့လိုက်ပါသွားစဉ် စက်တင်ဘာ ၂၁ ရက်၌ ရေနစ်သေဆုံး ခြင်းဖြစ်ကြောင်း သိရသည်။

''အလောင်းတွေကိုတော့ ရန်ကုန်ကို ပြန်သယ်လာပါပြီ။ အစ်မတို့လဲ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ မငယ်ကိုဖြစ်ဖြစ်ချင်း အလောင်း ပြန်မတွေ့ဘူးပြော လို့ အရမ်းကို စိတ်မကောင်းဖြစ်ပြီးတော့ ဆုတောင်းနေရတယ်''ဟု မိတ်ကပ် ဖန်တီးရှင် မြတ်နိုးကျော် က ပြောသည်။
::
ယင်းတို့၏ ရုပ်အလောင်းများကို စက် တင်ဘာ ၂၂ရက် ညနေ့ပိုင်းတွင် ရန်ကုန်သို့ ပြန်လည် သယ်ဆောင်လာခြင်းဖြစ်ကာ ကွယ်လွန်သူ နှစ်ဦးအနက် ဖြူစင်အား စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီအချိန်က ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ပြီး မငယ်အား စက် တင်ဘာ ၂၅ ရက်တွင် ရေဝေးသုသာန်၌ပင် သင်္ဂြိုဟ်မည်ဖြစ် ကြောင်း သိရသည်။

''မိုးတွင်းဆိုတော့ ကမ်းခြေမှာလှိုင်းကြီး တတ်ပါတယ်။ တော်တော်များများ အပန်းဖြေ တဲ့သူတွေကလည်း မိုးတွင်းဆိုရင်သိပ်မလာ တတ်ကြဘူး။ သူတို့နှစ်ယောက်ကတော့ တေး သံရှင်နှစ်ယောက်နဲ့ အတူတူပါလာတာပါ။ လှိုင်းကြီးလာတော့ ရေထဲရောက်နေတဲ့ သူ ကို လှိုင်းကရိုက်တဲ့ သဘောဖြစ်ပြီးတော့ မြုပ် သွားတာပါ။ သူတို့တွေဘယ်ဟိုတယ်မှာတည်း တယ်ဆိုတာကိုတော့ ကျွန်တော်မပြောတော့ ပါဘူး''ဟု ငွေဆောင်အပန်းဖြေ ကမ်းခြေရှိ ဟိုတယ်ပိုင်ရှင်တစ်ဦးကပြော သည်။
::
ငွေဆောင်ကမ်းခြေတွင် ရေနစ်သေဆုံး ခဲ့သည် မိတ်ကပ်ဖန်တီးရှင်တစ်ဦးသည် ရေ နစ်ပြီး တစ်နာရီခန့်အကြာတွင် အလောင်း ပြန်တွေ့ခဲ့ပြီး နောက်တစ်ဦးမှာ စက်တင်ဘာ ၂၂ရက် မနက်၁ဝနာရီအချိန်တွင် တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့လဲ ရေနစ်နေတယ်ဆိုတာ သိသိချင်းအတင်း ရေထဲပြေးဆင်း သွားတာ။ အချိန်မမီလိုက်ဘူး။ မိနစ်ပိုင်းအတွင်းဖြစ် သွားတာ''ဟု ငွေဆောင် ကမ်းခြေတွင် နေထိုင်သူတစ်ဦးက ပြောသည်။
::
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ငွေဆောင် မြို့နယ်ရဲစခန်းသို့ဆက်သွယ်မေးမြန်း ရာတွင် ဖြေဆိုခြင်း မရှိခဲ့ပါ။

Yangon Media ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment