Pages

Pages - Menu

Tuesday, September 9, 2014

နိုက်ဂျီးရီးယားတွင် အမေရိကန် လေတပ် အရာရှိတစ်ဦး ဆေးထိုးအပ်ဖြင့် တိုက်ခိုက်ခံရ

RangonNewsDaily:: September . 9 .2014
နိုက်ဂျီးရီးယား နိုင်ငံတွင် အမေရိကန် လေတပ် ထိပ်တန်းအရာရှိ တစ်ဦးကို အမျိုးအမည် မခွဲခြားနိုင်သေးသည့် ပစ္စည်းများ ပါရှိသည့် ဆေးထိုးအပ်ဖြင့် ထိုးနှံတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်းများက အမည်ဖော်မပြသည့် အဆိုပါ အရာရှိသည် လတ်တလောတွင် ဆေးရုံတက်ရောက် စစ်ဆေးမှု ခံနေရကြောင်း သတင်းများက ဖော်ပြခဲ့သည်။ စက်တင်ဘာ (၇)ရက်က နိုက်ဂျီးရီးယားနိုင်ငံ၊ လာဂို့စ်မြို့တော် လေဆိပ်တွင် ယင်းကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဟု FBI ထောက်လှမ်းရေး ဌာနက ဆိုသည်။

FBI သည် အဆိုပါ ဖြစ်ရပ်အပေါ် စုံစမ်းနေဆဲ ဖြစ်သည်။ ဆေးထိုးအပ်ဖြင့် တိုက်ခိုက်ခံရသည့် အရာရှိသည် ဖြစ်ရပ်အပြီးတွင် အမေရိကန်သို့ လေယာဉ်ဖြင့် ပြန်လာပြီး (၁၂)နာရီကြာ အတောအတွင်း ထူးခြားမှု တစ်စုံတစ်ရာ မရှိဘဲ အခြေအနေ ကောင်းမွန်နေကြောင်း သိရသည်။

“ယူနိုက်တက် လေကြောင်းလိုင်း ခရီးစဉ်အမှတ် (၁၄၃) ဟူစတန်ကို ဆိုက်ရောက်လာချိန် စက်တင်ဘာ(၈)ရက် မနက်ပိုင်းမှာ ကတည်းက ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး ရောဂါကူးစက်မှု ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက တာဝန်ရှိသူတွေက စစ်ဆေးခဲ့ပါတယ်”ဟု FBI မှ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ထို့အပြင် ဆေးထိုးအပ်ဖြင့် တိုက်ခိုက်ခံရသည့် အရာရှိသည် လေယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးစဉ်တွင် ဖျားနာခြင်းကဲ့သို့ ကျန်းမာရေး ယိုယွင်းမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းလည်း ဆိုသည်။

တိုက်ခိုက်သူနှင့် လေတပ်အရာရှိတို့ကြားတွင် ယခင်က ဆက်နွယ်မှု မရှိဘဲ အမေရိကန် တစ်ဦးဖြစ်၍ ပစ်မှတ်ထား ရန်ပြုခံရခြင်းသာ ဖြစ်ကြောင်း ကနဦး စုံစမ်းမှု ရလဒ်များတွင် ဖော်ပြထားကြောင်းလည်း သိရှိရသည်။

Photo - Galleryhip.com
_Ref: CNN , 7Day Daily , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment