Pages

Pages - Menu

Sunday, September 21, 2014

ရေပိုင်နက် အငြင်း ပွားမှု များနှင့် စပ်လျဉ်း၍ တတိယ ကမ္ဘာစစ် ဖြစ်ပေါ် လာနိုင် သည်ဟု တရုတ် စစ်ဘက် ဆိုင်ရာ ကျွမ်းကျင်သူ ပြောကြား


RangonNewsDaily:: September . 20 .2014
ရေပိုင်နက် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ တတိယကမ္ဘာစစ် ဖြစ်ပွားလာနိုင်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ရေတပ်အင်အားကို တိုးမြှင့်သင့်ကြောင်း စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက နိုင်ငံပိုင် သတင်းစာတစ်စောင်တွင် ဖော်ပြခဲ့သည်။
တရုတ်အစိုးရအနေဖြင့် ရေပိုင်နက် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ နိုင်ငံ ရေး မတည်ငြိမ်မှုများ ဖြစ်လာခဲ့ပါ က နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန် ၎င်းတို့၏ ရေတပ်အင်အားကို တိုးမြှင့်သင့်ကြောင်း PLA အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှ ထိပ်တန်းအရာရှိ တစ်ဦးဖြစ်သူ ဟန်ရှုတုန်က Global Times သတင်းစာ၌ ရေးသားဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ပင်လယ်ရေကြောင်းဆိုင်ရာ အခြေအနေများကို လေ့လာ သုံးသပ်ချက်များအရ အာတိတ်သမုဒ္ဒရာ၊ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ ရေပိုင်နက် ဆိုင်ရာ အငြင်းပွားမှုများ မှာ ပြင်းထန်လာခဲ့ပြီး ယင်းကဲ့သို့ ပြင်းထန်လာမှုသည် တတိယကမ္ဘာစစ် ဖြစ်ပွားရန် နီးစပ်လာခြင်းပင် ဖြစ်ကြောင်း ဟန်က ဖော်ပြခဲ့သည်။ 


ထို့ပြင် တရုတ်စစ်ဘက် အနေဖြင့် အဆိုပါ ရေပိုင်နက် အငြင်းပွားမှုများ ပိုမိုမြင့်တက်လာခဲ့ပါက ၎င်းတို့နိုင်ငံ၏ နယ်မြေပိုင်နက် သို့မဟုတ် ရေပိုင်နက် ပေါင်းစည်းမှုကို ထိန်းသိမ်းနိုင်ရန် စစ်ဘက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ပြောင်းလဲသင့်ကြောင်း ဟန် က ပြောကြားခဲ့သည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment