Pages

Pages - Menu

Wednesday, September 10, 2014

ဓမ္မစေတီခေါင်းလောင်းတူးဖော်ရာတွင် အဖျက်သဘောဖြင့် လာရောက်နှောင့်ယှက်မှုများရှိနေဟု ဦးစံလင်းဆို


RangonNewsDaily:: September . 10 .2014
ဓမ္မစေ တီခေါင်းလောင်းတူးဖော်ရာ သောင် တူးစက်နေရာအနီးသို့ သမ္ဗာန်တစ် စင်းချဉ်းကပ်လာပြီး အဖျက်သဘော ဆောင်သည့် အပြုအမူများ လုပ် ဆောင်သွားသည်ဟု အဆိုပါခေါင်း လောင်းဆယ်ယူမှုလုပ်ငန်းအား ဦး ဆောင်လုပ်ကိုင်နေသူ ဦးစံလင်းက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။
''စက်တင်ဘာ ၈ရက် မနက် က သမ္ဗာန်တစ်စင်းက သောင်တူးစက် နားကိုလာပြီး အမွှေးတိုင်တွေထွန်း၊ ပွဲတွေပေးပြီး လာလုပ်သွားတယ်။ အ ဖျက်သဘောနဲ့ လာပြီး လုပ်သွားကြ တာ။ အဲ့လိုအဖျက်တွေ ဝင်လေ တူး ဖော်မှုနောက်ကျလေပဲ'' ဟု ဦးစံလင်း ကပြောသည်။

ယင်းနေ့ နံနက်ပိုင်းတွင် သမ္ဗာန်တစ်စင်းမှ ခေါင်းလောင်းတူး ဖော်ရာသောင်တူး စက်အနီးသို့ လာ ရောက်ကာအမွှေးတိုင်ထွန်းခြင်း၊ ဂါထာရွတ်ဖတ်ခြင်းများ စသည့်လုပ် ရပ်များပြုလုပ်ကာ ခေါင်းလောင်း ဆယ်ယူမှုအား အနှောင့်အယှက်ပေး သည့် လုပ်ရပ်မျိုးများ လာရောက်လုပ် ကိုင်ခဲ့ခြင်းကြောင့် ခေါင်းလောင်း တူးဖော်မှု လုပ်ငန်းများ နှောင့်နှေး နေရခြင်းဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းဆယ် ယူမှုနှင့်ပတ်သက်၍ လက်ရှိထွက်ပေါ် နေသော သတင်းများမှာမဟုတ်မှန် ကြောင်း ဦးစံလင်းကပြောကြားခဲ့ ပြီး၊ သြဂုတ် ၂၆ရက်တွင် ထုတ် ပြန်ခဲ့သည့် ခေါင်းလောင်းတွေ့ရှိ ပြီဆိုသော သတင်းထုတ်ပြန်ချက်က သာအမှန်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။


''အခုချိန်မှာ ဘာမှသတင်း မထုတ်ပြန်ဘူး။ ထုတ်ပြန်လို့မရဘူး၊ တွေ့ပြီဆိုတဲ့ သတင်းတစ်ခုကိုပဲ ထုတ်ပြန်ထားတယ်။ တူးဖော်မှုလုပ် ငန်းအားလုံးကိုလဲ နေ့စဉ်မှတ်တမ်း တင်ထားတယ်။ သတင်းစာရှင်းလင်း ပွဲမှာအားလုံးကို ပြသသွားမှာပါ''ဟု ဦးစံလင်းက ပြောသည်။


ခေါင်းလောင်းဆယ်ယူခြင်းအ ဖြစ် တစ်လပြည့်ခဲ့ပြီဖြစ်ပြီး တွေ့ရှိပြီ ဆိုသော အကြောင်းကိုသာ သတင်း ထုတ်ပြန်ထားကာထူးခြားမှုတစ်စုံ တစ်ရာ မရှိသေးကြောင်းလည်း သိ ရသည်။

''လာကြည့်တဲ့သူက ဒီနေ့မှ နည်းတာမဟုတ်ဘူး၊ ကျန်ခဲ့တဲ့ လေး ရက်လောက်ကတည်းက နည်းသွား တာပါ။ အရင်တုန်းက တစ်နေ့ကို လေးခေါက်လောက်ဆွဲရတယ်။ အခု ဆိုရင် တစ်နေ့ကိုတစ်ခေါက်ရောက် ဖို့ အကြာကြီးစောင့်ရတယ်။ 


အရင် တုန်းက ရေငုပ်သမားတွေ ငုပ်တာတွေ ရှိတော့ လာကြည့်တဲ့ပြည်သူတွေက စိတ်ဝင်စားတယ်၊ အခုကျတော့ မငုပ် ကြတော့ဘူး၊ သောင်တူး စက်နဲ့ပဲ နုန်း တွေကို စုပ်ထုတ်နေတော့ လာကြည့် တဲ့သူတွေ စိတ်ဝင်စားမှုမရှိတော့ ဘူး။ ပြီးတော့ ခေါင်းလောင်းသတင်း နဲ့ပတ်သက်ပြီး ရေရေရာရာ ဦး စံလင်းကမပြောတော့ လာကြည့်တဲ့ သူတွေက စိတ်မဝင်စားတော့တာ လဲပါတယ်'' ဟု သမ္ဗာန်သမားတစ်ဦး ကဆိုသည်။

ခေါင်းလောင်းတော်ကြီးစတင် တွေ့ရှိပြီဟု သတင်းထုတ်ပြန်ခဲ့ သည့် သြဂုတ် ၂၆ရက်တွင် ရဟန်း ရှင်၊ လူ၊ ပြည်သူအပေါင်းလာရောက် ကြည့်ရှုမှုများပြားခဲ့သော်လည်း ထို ရက်ပိုင်းအပြီး၌ ဦးစံလင်းမှခေါင်း လောင်းနှင့် ပတ်သက်သည့် သတင်း များအား တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိတော့သည့်အတွက် ခေါင်းလောင်းတူးဖော်ရာသို့ လာ ရောက်ကြည့်ရှုသူ ရဟန်းရှင်၊ လူ၊ ပြည် သူအပေါင်းတို့မှာ တစ်နေ့ထက်တစ် နေ့ လျော့နည်း လာခဲ့ခြင်းဖြစ်ကြောင်း အေးရှားပွိုင့်ဘိုးလိန်းစင်တာရှိ သမ္ဗာန် သမားများက ဆိုသည်။


စက်တင်ဘာ ၈ရက်တွင် ခေါင်း လောင်တူးဖော်မှု လုပ်ငန်းများအား ခေတ္တခဏရပ်တန့်ထားကြောင်းလည်း သိရသည်။

YMG , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment