Pages

Pages - Menu

Wednesday, September 10, 2014

လက်ပံတောင်းတောင် လုံခြုံရေးရဲကင်းအနီး မီးရှို့ကျိန်စာတိုက်

စက်တင်ဘာ ၈ ရက်က လက်ပံတောင်းတောင် လုံခြုံရေးရဲကင်းအနီးတွင် ဒေသခံများက မီးရှို့ကျိန်စာတိုက်နေကြစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်)
RangonNewsDaily:: September . 10 .2014
လက်ပံတောင်းတောင်အနီး ကျေးရွာ ၁ဝ ရွာမှ ရွာသူရွာသား ၇ဝခန့်သည် လက်ပံတောင်းဒေသ ကျောက်ကြီးတောင်ခြေတွင် ကန်တော့ပွဲ ခုနစ်ပွဲ ပန်းဆီမီးများဖြင့် သကြားဗြမ္မာနတ်ဒေဝါများနှင့် တောင်စောင့်နတ်မင်းအားပူဇော်၍ တောင်ဖြိုသူများကို ကြိမ်စာတိုက်ခဲ့ကြောင်း သတင်းရရှိသည်။
“လက်ပံတောင်းတောင်ကြီးကို ဖြိုသူ လယ်တီသိမ်ကို ဖြိုသူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်နေသူတွေ ဒီလုပ်ငန်းကိုမရပ်ရင် တောင်ပြိုသလို ပျက်သလို သူတို့မိသားစုများပါ ပျက်စီးပါစေ။ ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်းများ ပျက်စီးပါစေ အရှုံးပေါ်ပါစေ။ ငါတို့နိုင်ငံလာ စီးပွားရှာတဲ့ တရုတ်နိုင်ငံအစိုးရ ပျက်စီးပါစေ။ လက်ပံတောင်တောင်ကြီး တည်တန့်ပါစေ ဟုဆုတောင်းကျိန်ဆိုကြသည်။

တော်သလင်းလပြည့်နေ့ ညနေ ၅ နာရီ တွင်စတင်ပြီး နာရီဝက်ခန့် ဆုတောင်းပြီးနောက် အနက်ရောင်အခေါင်းစက္ကူပုံးကို မီးရှို့ခဲ့သည်။ အဆိုပါအခေါင်းသဏ္ဌာန်စက္ကူ ပုံးတွင် ဓာတ်ပုံများကပ်ထားပြီး ၎င်းတို့ကို အသုဘချခြင်းဖြစ်ကြောင်း ကျိန်စာတိုက်သူများက ပြောကြားကြကြောင်း သိရသည်။

ပြီးခဲ့သည့်ဝါခေါင်လပြည့်နေ့ကလည်း အဆိုပါကျောက်ကြီးတောင်ခြေတွင် ဒေသခံရွာသားများ ကျိန်စာတိုက်ပွဲလုပ်ခဲ့ပြီး ဩဂုတ် ၂၉ ရက်က ကံတောရွာနတ်တောင်ခြေနတ်စင်တွင် လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းခံရသော လပေါင်း ၂၁ လပြည့်အတွက် ကျိန်စာတိုက်ကျင်းပခဲ့ကြောင်း သိရသည်။ ဆန္ဒပြခြင်းထက် ကျိန်စာတိုက်ပွဲများက အစွမ်းထက်မြက်ပြီး လူသေဆုံးထိခိုက်မှုများရှိ၍ ကျိန်စာတိုက်ခြင်းများကို ပြုလုပ်ခြင်းဖြစ်ကြောင်း ရွာသားများက ပြောကြားသည်။

Eleven Media , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment