Pages

Pages - Menu

Wednesday, September 24, 2014

မိုင်းတုံက မိုးကြိုးပစ်ခံရတဲ့ ဆက်သွယ်ရေးဂြိုဟ်တု မပြင်နိုင်သေးတာကြောင့် ဆက်သွယ်ရေးခက်ခဲ

RangonNewsDaily:: September . 24 .2014
မိုင်းတုံမြို့က V-Sat ဆက်သွယ်ရေးဂြိုဟ်တု မိုးကြိုးထိမှန်ခဲ့လို့ ရန်ကုန်ပို့ပြီး ပြင်နေတာ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ပြန်လည်တပ်ဆင်နိုင်ခြင်း မရှိသေးတာကြောင့် ဆက်သွယ်ရေးပိုင်းမှာ အခက်အခဲ တွေ့နေရတယ်လို့ မိုင်းတုံ ဌာနဆိုင်ရာ အစိုးရရုံးတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုး ထိမှန်ခဲ့တဲ့ အဲဒီစက်ကို ရန်ကုန်ကို ပြင်ဖို့ ပေးထားတာ ခုထိ ပြင်လို့ရ မရ မသိရသေးဘူးလို့ ကျိုင်းတုံမြို့နယ် ဆက်သွယ်ရေးရုံး တာဝန်ခံ ဦးမျိုးညွန့်က ပြောပါတယ်။
“မြဝတီမြို့က ဆက်သွယ်ရေးစက် ခဏငှားဖို့ ပြောထားတာ ရမရတော့ မသိသေးဘူး” လို့ သူကဆိုပါတယ်။


ကျိုင်းတုံမြို့ရှိ အစိုးရရုံးတွေက ပေးပို့စာတွေကို ရေဒီယို တယ်လီဖုန်း (RT) နဲ့ ကျိုင်းတုံဆက်သွယ်ရေးရုံးကို တဆင့်ခံပြီး သက်ဆိုင်ရာ ရုံးတွေကို ပြောပေးနေရတယ်၊ ဘဏ်ငွေ လွှဲစာတွေဆို အရေးကြီးတာကြောင့် ပိုမိုဂရုစိုက် ပြောပေးနေရတယ်လို့ မိုင်းတုံ ဆက်သွယ်ရေးရုံးက ကြေးနန်းတာဝန်ခံ ဦးတင်အောင်သက်က ပြောပါတယ်။


“ဖက်စ်လုပ်ငန်းအပြင် အီးတယ်လီဂရမ် ရှိပေမယ့် အင်တာနက်လိုင်း မကောင်းတော့ လုပ်ငန်းကြန့်ကြာတယ်။ ဒီကြားထဲ အီးတယ်လီဂရမ်က ၁၀ ရက်လောက် ပျက်လိုက်သေးတယ်။ မနေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) ကမှ ပြန်ရတယ်” လို့ သူကဆိုပါတယ်။


ဘဏ်ငွေလွဲ လုပ်ငန်းတွေနဲ့ အရေးကြီး လျှို့ဝှက်သတင်းတွေ ဆိုရင် တယ်လီဖုန်း၊ RT တို့နဲ့ ပို့လို့ မဖြစ်တာကြောင့် ၄၂ မိုင်ခန့်ဝေးတဲ့ မိုင်းဆတ်မြို့ကို ရဲတပ်ဖွဲ့ အကူအညီနဲ့ အထူးဆက်သား စေလွှတ်ပြီး သက်ဆိုင်ရာ မြို့နယ်တွေကို သတင်းပို့နေရတာကြောင့် ကုန်ကျစရိတ်များပြီး အခက်အခဲတွေ ကြုံရတယ်လို့ သိရပါတယ်။


မိုင်းတုံမြို့မှာ GSM၊ WCDMA နဲ့ တပ်မတော်ပိုင် ဆက်သွယ်ရေးကြိုးလိုင်းတွေ ရှိပေမဲ့ လိုင်းတွေက မကြာခဏ ပြတ်တောက်နေတာကြောင့် အခက်အခဲ ဖြစ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


The Voice , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment