Pages

Pages - Menu

Saturday, September 20, 2014

နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ခေတ်မီသေနတ်များထုတ်ပေးကာ နယ်စပ်လုံခြုံရေးတိုးမြှင့်

နယ်စပ်လုံခြုံရေးအတွက် တာဝန်ယူသောရဲတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ − မောင်ကံ)
RangonNewsDaily:: September . 20 .2014
မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်ဒါအဖွဲ့က ခြိမ်း ခြောက်ထားချိန်တွင် မောင်တော နယ်စပ်လုံခြုံရေးတိုးမြှင့်ထားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အား အကြမ်းဖက်ချေမှုန်းရေး ခေတ်မီသေနတ်များထုတ်ပေး ထားကာတပ်မတော်(ရေ)မှလည်း စစ်ရေယာဉ်တစ်စီးဖြင့် လုံခြုံ ရေးစောင့်ကြပ်နေကြောင်း သတင်းရရှိသည်။
‘‘နယ်စပ်လုံခြုံရေးက ပြည် သူပါပူးပေါင်းဖို့အရေးပါတယ်။ ဒီဘက်ကလည်း လိုအပ်တဲ့ခေတ် မီလက်နက်တွေတပ်ဆင်ပေး ထားတယ်။ ပိုင်ပိုင်နိုင်နိုင်သုံးနိုင်ဖို့အတွက်လည်း သင်တန်းတွေ လည်းပေးထားတယ်။ တပ်မတော်(ရေ)ကလည်း တာဝန်ယူထား တယ်။ လုံခြုံရေးကိုတော့ အရင် ထက်ပိုတိုးထားတယ်’’ဟု မောင် တောမြို့အခြေစိုက်အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးလက် အောက်ရှိ ဒုတိယရဲမှူးကြီးအဆင့် ရှိ ရဲအရာရှိတစ်ဦးကပြောသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များကို ကိုရီးယားနိုင်ငံထုတ် အကြမ်းဖက်ချေမှုန်းရေးသေ နတ်များဖြစ်သည့် 12 Bore Win- chester Slide Action Shot Gun များတပ်ဆင်ပေးထားပြီး MA-11 ဟုခေါ်သည့်တိုက်ပွဲများတွင်သုံး သည့် အဆင့်မီသေနတ်များလည်း ထုတ်ပေးထားကြောင်း သတင်း ရရှိသည်။

 ခေတ်မီသေနတ်များ ထုတ်ပေးထားခြင်းမှာ နယ်စပ် ဒေသလုံခြုံရေးအတွက် အစိတ် အပိုင်းတစ်ရပ်ဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသည့် မောင်တော၊ ဘူးသီးတောင်နယ် စပ်တစ်လျှောက်ကို ဒေသအုပ်စု (၄)စုသတ်မှတ်၍ ဒုတိယရဲမှူးကြီး အဆင့်ရှိသူများကဦးဆောင်၍ လုံ ခြုံရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထို့အပြင် ခြံစည်းရိုးကာရံနိုင် ခြင်းမရှိသေးသောနေရာများတွင် ကင်းစခန်းများတည်ဆောက် ထားပြီး နယ်စပ်တစ်လျှောက် မြန်မာ့ရေပိုင်နက်အတွင်း တပ် မတော်ရေမှ စောင့်ကြည့်ရေး ရေယာဉ်တစ်စီးထားကာ လုံခြုံ ရေးအချိန်ပြည့်စောင့်နေကြောင်း နယ်မြေ (၄)မှ နယ်ခြားစောင့်ရဲ အရာရှိတစ်ဦးကပြောသည်။

ယခုနှစ် မေလလယ်က မောင်တောနယ်စပ်လုံခြုံရေးရဲ ကင်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဲတပ်ဖွဲ့ ဝင်လေးဦးသေဆုံးခဲ့သည်။ နှစ်ဦး ဒဏ်ရာရပြီး ပစ်ခတ်မှုများဆက် လက်ဖြစ်ပွားရာ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်အဖွဲ့မှ တစ်ဦးသေဆုံးခဲ့သည်။ 


ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များကိုင်သည့်သေ နတ်များမှာ ခေတ်မီမှုမရှိတော့ ကြောင်း ဝေဖန်ခဲ့ကြပြီး ဒုချီး ယားတန်းကျေးရွာတွင်ဖြစ်ပွားခဲ့ သည့်ရဲတပ်ကြပ်ကြီးတစ်ဦး သေ နတ်နှင့်အတူပျောက်ဆုံးသွားခဲ့ သည့်အမှုမှာလည်း ရဲတပ်ဖွဲ့တွင် ခေတ်မီလက်နက်များမရှိခြင်းနှင့် လေ့ကျင့်မှုအားနည်းခြင်းကြောင့် ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြား ရေးမှူးဦးဇော်ဌေးကသုံးသပ်ထား သည်။

7Day News , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment