Pages

Pages - Menu

Wednesday, September 17, 2014

မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်အချို့ မှတ်ပုံတင်မိတ္တူဖြင့် တယ်လီနောဆင်းမ်ကတ် ကြိုတင်မှာကြားမှု စတင်လက်ခံ


RangonNewsDaily:: September . 16 .2014
မည်သည့်ဟန်းဆက် အမျိုးအစားမဆို ထည့်သွင်းအသုံးပြုနိုင်ပြီး ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ်အောက် လျော့နည်း
မည်ဆိုသော တယ်လီနော မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို မန္တလေးမြို့တော်ရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်အချို့တွင် မှတ်ပုံတင်မိတ္တူဖြင့် ကြိုတင်မှာကြားမှုများကို စတင် လက်ခံလျက်ရှိကြောင်း အဆိုပါ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များထံမှ သိရှိရသည်။
အဆိုပါ ဆင်းမ်ကတ်များကို အောက်တိုဘာလ ၅ ရက်နေ့တွင် စတင် ရောင်းချပေးမည်ဟု သတင်းထွက်ပေါ်နေပြီး မန္တလေး အရောင်းကိုယ်စားလှယ်ဆိုင်များသည် ဆင်းမ်ကတ် ရောင်းချပေးမည့် အစီအစဉ်များနှင့် ပတ်သက်ကာ ဝယ်
သူများကို စက်တင်ဘာ ပထမပတ်မှ စတင်၍ စည်းရုံးနေကြပြီ ဖြစ်ကြောင်း မန္တလေးမြို့ခံ အရောင်းကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးခရိုင် ခုနစ်မြို့နယ်ရှိ တယ်လီနောဆင်းမ်ကတ် ရောင်းချခွင့် ရရှိထားသည့် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များက မှတ်ပုံတင်မိတ္တူတစ်ခု ယူဆောင်ကာ ယင်းဆိုင်များသို့ ကြိုတင်မှာကြားနိုင်ပြီး ဆင်းမ်ကတ်တစ်ခုလျှင် (ဖုန်းခေါ်ဆိုခ ငွေငါးထောင်ကျပ် ပါဝင်ပြီးသား) ငါးထောင်ကျပ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်ရှိ တယ်လီနော

ဖုန်း ဆင်းမ်ကတ် ရောင်းချပေးမည့် ဖုန်းဆိုင် မန်နေဂျာတစ်ဦးက ပြောကြားသည်။

“၇၉..အစ နံပါတ်နဲ့ ထွက်မယ်။ ၀၉- အပါအဝင် ဂဏန်း ၁၁ လုံး ဖြစ်မယ်လို့ အကြမ်းဖျင်း သိထားတယ်။ လောလောဆယ် ကျွန်မတို့ဆီကို မှတ်ပုံတင်မိတ္တူနဲ့ စာရင်းလာသွင်းထားသူ တစ်ရာကျော် ရှိနေပြီ” ဟု ချမ်းမြသာစည်မြို့နယ် ငွေကမ္ဘာ ဖုန်းအရောင်းဆိုင် ဝန်ထမ်း အမျိုးသမီးတစ်ဦးက ရှင်းပြသည်။


ယင်းကဲ့သို့ မှတ်ပုံတင်မိတ္တူ ကြိုတင်ပေးစနစ်ကို အသုံးပြုခြင်းဖြင့် MPT ဆင်းမ်ကတ် ရောင်းသကဲ့သို့ စုပြုံတိုးပုံစံမှုမှ သက်

သာစေနိုင်ကြောင်း အဆိုပါ မန်နေဂျာက သုံးသပ်ပြောကြားသည်။

မန္တလေးမြို့ခံ အများစုသည် အော်ရီဒူး ဆင်းမ်ကတ်ထက်ပင် အဆိုပါ တယ်လီနော ဖုန်းဆင်းမ်ကတ်ကို ပိုမိုစိတ်ဝင်စားမှု များပြားနေပြီး အော်ရီဒူး၊ MPT ဖုန်းများနှင့် နှိုင်းယှဉ်ကာ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦး ဖြစ်သူ ဒေါ်ဇာခြည်လွင်က သုံးသပ်ပြောဆိုသည်။


ယင်းတယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ်က အသံကြည်ခြင်းနှင့် အင်တာနက် စနစ်နှုန်း မြန်ရန် ကတိပေးထားပြီး အချိန်အနည်းငယ်ယူပြီး ဆောင်ရွက်နေခြင်း ဖြစ်ကာ စက်တင်ဘာလ မကုန်မီ မိတ်ဆက်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း စက်တင်ဘာလ ၁၂ ရက်တွင် The Voice သို့ အတည်ပြု ပြောကြားထားသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment