Pages

Pages - Menu

Friday, September 19, 2014

ကရင်ပြည်အတွင်း မြန်မာ စစ်တပ်တွေ အရေးမကြီးရင် သွားလာမှုမလုပ်ဖို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ကသတိပေးထား

RangonNewsDaily:: September . 18 .2014
ကရင်ပြည်နယ်အတွင်း မြန်မာ စစ်တပ်တွေ အရေးမကြီးရင် အသွားအလာ မလုပ်ဖို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်က ထုတ်ပြန် ကြေညာချက် တစ်စောင်မှာ ဖော်ပြ လိုက်ပါတယ်။
ကရင်ပြည်နယ်ထဲ မြန်မာ စစ်တပ်သားတွေ ယူနီဖောင်း ဝတ်စုံတွေအပြင် စစ်လက်နက်တွေနဲ့ သွားလာတာတွေက ပြည်သူတွေကို ထိပ်လန့်စေတဲ့ အတွက် အသွားအလာ မလုပ်ကြဖို့ ပါရှိပါတယ်။

အရေးကြီးကိစ္စနဲ့ သွားလာရမယ်ဆိုရင်လည်း သက်ဆိုင်ရာ ရုံးတွေ၊ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးဆီးကို ကြိုတင်အကြောင်းကြားပြီး ယဉ်တန်း သွားလာမယ်ဆိုရင်လည်း ယာဉ်အမျိုးအစား၊ အရေးအတွက်နဲ့ ဘယ်နေရာ သွားမလဲ ဆိုတာတွေကို ကြိုတင်အကြောင်းကြားရမယ်လို့ ပါရှိပါတယ်။
::
ပြီးခဲ့တဲ့ စနေတုန်းကလည်း ထိုင်းယာဉ်တန်းတွေကို ကရင်အမျိုးသားတပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးဦးဆောင်ပြီး မြန်မာနိုင်ငံဘက်ကို အရောက်မှာ ကားတွေကို တားဆီးမှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီလို လုပ်ရတဲ့အကြောင်းရင်းကတော့ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ရှိသူတွေ၊ နေထိုင်သူတွေကို ထိုင်းရဲတွေက မကြာခဏ ငွေကြေးတောင်းခံပြီး အနိုင်ကျင့်မှုတွေ လုပ်နေတာကို ရပ်တန့်ဖို့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။
::
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ထိုင်းတာဝန်ရှိသူတွေက မယ်မယ်ရရ အဖြေတွေ ထွက်လာအောင် မလုပ်နိုင်ခဲ့တဲ့အပေါ်မှာလည်း ကရင်အမျိုးသားတပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးက စိတ်ပျက်ကြောင်း ပြောခဲ့ပါတယ်။
::
တိုးတက်မှု မရှိရင်တော့ ဒီကနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ပြင်းထန်တဲ့ တုန့်ပြန်မှုမျိုး ကြုံရနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

ABC Radio Australia ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment