Pages

Pages - Menu

Thursday, September 25, 2014

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့ လိမ်လည်ခြင်း မဟုတ်ဘဲ ယုံကြည်သူ ပြည်သူသာ မှားကြောင်း ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီးပြော

RangonNewsDaily:: September . 25 .2014
ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့သည် ပြည်သူလူထုကို လိမ်လည် လှည့်စားခြင်း မဟုတ်ဘဲ ခေါင်းလောင်း ရှိခြင်းကို ယုံကြည်သော ပြည်သူများသာ မှားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။ 
စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်း
အဝေးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။


ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး အဖွဲ့သည် ခေါင်းလောင်း ရှာဖွေရေးအတွက် နိုင်ငံတော်သို့ ခွင့်ပြုချက်ယူ လုပ်ဆောင်ခြင်း ဖြစ်ပြီး လှည့်စားခြင်း မဟုတ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
::
“သူတို့က ရှာချင်တယ်ဆိုပြီး ခွင့်ပြုချက် တောင်းပြီးလုပ်တယ်၊ ရှိတယ် မရှိဘူးကတော့ အထောက်အထား မရှိတော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး၊ ဒါ သူတို့ယုံကြည်ချက်နဲ့ လုပ်တာ။ သူတို့ ပိုက်ဆံနဲ့လုပ်တာ၊ လိမ်လည်တာ မဟုတ်ဘူး၊ သွားကြည့်ပြီး ယုံကြည်တဲ့ ပြည်သူတွေကသာ မှားတာ” ဟု ၎င်းကဆိုသည်။

ယင်းသို့ ခေါင်းလောင်း ရှာဖွေရေးအဖွဲ့က သတ်မှတ်ရက်အတွင်း ခေါင်းလောင်း ဆယ်ယူနိုင်ခြင်း မရှိသောကြောင့် ဆက်လက် ရှာဖွေခြင်းကို ရပ်တန့်ခြင်းသည် လိမ်လည်ခြင်း မဟုတ်သောကြောင့် တိုင်းဒေသကြီး အစိုးရက အရေးယူမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
::
ဓမ္မစေတီ ခေါင်းလောင်းကြီးကို သြဂုတ်လ ၉ ရက်နေ့တွင် ဦးစံလင်း ခေါင်းဆောင်သော ခေါင်းလောင်း ရှာဖွေရေးအဖွဲ့က စတင်ရှာဖွေခဲ့သည်။ ယင်းနောက် ဓမ္မစေတီ ခေါင်းလောင်းကို စတင်တွေရှိထားပြီး ဆယ်ယူနိုင်ရန်အတွက် ရှာဖွေးရေးရက်ကို ၁၇ ရက် ထပ်မံတိုးမြှင့်ကြောင်း ခေါင်းလောင်း ရှာဖွေရေး အဖွဲ့က သြဂုတ်လ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့သော်လည်း အဆိုပါ တွေ့ရှိထားသော အရာမှာ ခေါင်းလောင်း မဟုတ်ဘဲ သံထည်ပစ္စည်း တစ်ခုသာ ဖြစ်ကြောင်း နေရပ်ပြန် ရေငုပ်သမားများ လေးဦးအနက် တစ်ဦးအပါအဝင် ဖြစ်သူ ထားဝယ် လူမျိုး ဦးသန်းညွန့်က ပြောဆိုခဲ့သည်။
::
အဆိုပါ ဓမ္မစေတီခေါင်းလောင်း ရှာဖွေသူ ဦးစံလင်းသည် ယင်းခေါင်းလောင်းကို ရေအောက်ရှိ နဂါးများ စောင့်ရှောက်ထားခြင်းကြောင့် ယင်းနဂါးများ၏ အကူအညီကို ရယူ၍ တူးဖော်ရမည် ဖြစ်ကြောင်း အကြိမ်ကြိမ် ထုတ်ပြန် ပြောဆိုထားသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment