Pages

Pages - Menu

Friday, September 26, 2014

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေသယ်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ကွန်ကရစ်လောင်းနေ သူများကို တိုက်မိခဲ့၍ (၁)ဦးသေ၊ (၃)ဦးဒဏ်ရာရ

RangonNewsDaily:: September . 26 .2014
၂၃.၉.၂၀၁၄ရက်နေ့ ၂၀၄၅ အချိန်တွင်ကမာရွတ်မြို့နယ်၊အမှတ်(၇)ရပ်ကွက်ရှိ ဆောက်လုပ်ရေး
လုပ်ငန်းခွင် ပတ်လမ်းအတိုင်း အရှေ့မှအနောက်သို့ စမ်းချောင်းမြို့နယ်နေ ဇေယျာအောင် (၂၆)နှစ် မောင်းနှင်လာသော Liu Gon အမျိုးအစား မြေသယ်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဝဲဘက်လမ်းစပ်တွင် ကွန်ကရစ်လောင်းနေသူ(၄)ဦးကို ဝင်ရောက်တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်ခံရသူ မျိုးမင်းထွန်း (၂၃)နှစ်မှာ ခန္ဓာကိုယ်တွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်ဆေုံးသွားခဲ့ပြီး ရဲနောင်လွင်(၂၁)နှစ်တွင် ပါးစပ်နှင့်နှာခေါင်းသွေး
ထွက် ဒဏ်ရာနှင့် ဝဲဒူးခေါင်းဖူးရောင်စုတ်ပြဲဒဏ်ရာရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံတွင် အတွင်း
လူနာ(စိုးရိမ်ရ) အဖြစ်လည်းကောင်း၊ ဇင်မင်းပိုင်(၁၈)နှစ်နှင့် ကျော်သက်လွင်(၂၁)နှစ်တို့တွင် ဖူးရောင်၊ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိခဲ့၍ အင်းစိန်ဆေးရုံတွင် ပြင်ပလူနာများအဖြစ်
လည်းကောင်း ဆေးကုသမှုခံယူခဲ့ရပါသည်။
::
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဇေယျာအောင်အား ကမာရွတ်မြို့မရဲစခန်း
ယာဉ် (ပ)၅၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment