Pages

Pages - Menu

Friday, September 12, 2014

အဆက်အသွယ်ပြတ်နေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် ဦးတေဇဦးဆောင်သောအဖွဲ့ ပူတာအိုသို့သွား


RangonNewsDaily:: September . 11 .2014
ဆက်သွယ်မှုပြတ်တောက်နေသည့် ခါကာဘိုရာဇီတောင် တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်မှုပြုလုပ်ရန် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဦးဆောင်သည့်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ ကိုယ်ပိုင်လေ ယာဉ်ဖြင့် ထွက်ခွာသွားသည်။
မြန်မာနိုင်ငံမြောက်ဖျား၊ ကချင်ပြည်နယ်ရှိ ၅,၈၈၁ မီတာ (၁၉,၂၉၆ ပေ) အမြင့်ရှိ အရှေ့ တောင်အာရှ၏ အမြင့်ဆုံးရေခဲ တောင် ခါကာဘိုရာဇီသို့ တက္က သိုလ်ခြေလျင်နှင့် တောင်တက် အသင်း (သဘာဝခေါ်သံဖောင် ဒေးရှင်း)မှ တောင်တက်
သမားနှစ် ဦးတက်ရောက်နေခဲ့ကြရာ သြ ဂုတ် ၃၁ ရက်၊ ညနေ ၀၅း၀၁ နာရီ က ခါကာဘိုရာဇီတောင်ထိပ်သို့ တက်ရောက်၍ အလံစိုက်နိုင်ခဲ့ ကြောင်း ရန်ကုန်မြို့ရှိ ဌာနရုံးခန်း သို့ သတင်းပေးပို့ပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်တောက် သွားခဲ့သည်ဟု သတင်းရရှိသည်။

ယင်းတောင်တက်သမား များကို ကယ်ဆယ်ရေးအတွက် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ် ရေး ရဟတ်ယာဉ်နှစ်စီး၊ အရေး ပေါ်အချက်ပြ ဆက်သွယ်ရေးကိ ရိယာများ၊ တောင်တက်ပစ္စည်း ကိရိယာများ၊ စားနပ်ရိက္ခာများ၊ အသက်ကယ် ဆေးဝါးပစ္စည်း များ၊ ဆရာဝန်များ၊ ထူးဖောင်ဒေးရှင်းမှ အရေးပေါ်ကူညီကယ် ဆယ်ရေးအတွက် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရ (ဧ၀ ရက်တောင်ထိပ်သို့ တက်ရောက် မည့်) တောင်တက်သမားများ၊ ခါ ကာဘိုရာဇီတောင်ထိပ်သို့ မြန်မာလူမျိုးများထဲမှ ပထမဆုံးတက် ရောက်နိုင်ခဲ့သူ နမားဂျွန်ဆင်နှင့် ဒေသခံတိုင်းရင်းသားများ၊ ကျန် ထူးဖောင်ဒေးရှင်းဝန်ထမ်းအား လုံးမှ မြန်မာနိုင်ငံမြောက်ဘက်ဆုံး တဟွန်ဒမ်းရွာနှင့် တောင်ခြေစ ခန်းတို့တွင် အသက်ကယ်ရှာဖွေ ရေးကိစ္စများ၊ ကူညီကယ်ဆယ် ရေးကိစ္စများ ဆောင်ရွက်နိုင်စေ ရန် ပါဝင်ကူညီလျက်ရှိကြောင်း ထူးဖောင်ဒေးရှင်း၏ ဖေ့စ်ဘွတ်ခ် တွင် စက်တင်ဘာ ၁၀ ရက် ညနေက ထုတ်ပြန်ထားသည်။ ပူတာအိုနှင့် ရန်ကုန်မြို့များတွင်လည်း ထူးဖောင်ဒေးရှင်း ၀န်ထမ်းများ၊ အဲပုဂံမှ လေယာဉ်များဖြင့် အ ချိန်နှင့်တစ်ပြေးညီ လိုအပ်သော ပစ္စည်းများပေးပို့နိုင်စေရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ယခုသွားရောက်သည့် ခရီး စဉ်တွင် သဘာဝခေါ်သံဖောင်ဒေး ရှင်းမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံခြေလျင်နှင့် တောင်တက်အ ဖွဲ့ချုပ် နာယကဖြစ်သည့် စီးပွား ရေးလုပ်ငန်းရှင် ဦးတေဇ၊ ၎င်း၏ ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ် ရေးအဖွဲ့သားများ၊ ဦးတေဇရ ဟတ်ယာဉ် မတော်တဆမှုဖြစ်ခဲ့ စဉ်က ပါဝင်ခဲ့သည့် အဖွဲ့သားများလိုက်ပါသွားသည်ဟု ဆိုသည်။

တောင်တက်အဖွဲ့ဝင်များ စက်တင်ဘာ ၉ ရက်တွင် တဟွန် ဒမ်းရွာသို့ ပြန်လည်ရောက်ရှိရန် သတ်မှတ်ထားသော်လည်း တောင်ထိပ်ရောက်အဖွဲ့နှစ်ဦးမှာ တောင်ခြေစခန်းသို့ ပြန်လည်ရောက်ရှိ မလာသေးကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း(သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း) မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စက်တင်ဘာ ၁၀ ရက် နံနက်တွင် အသင်းဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် အမှုဆောင်အဖွဲ့ဝင်အချို့ သည် ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်နာယက ဦးတေဇဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ရှာဖွေရန် စီစဉ်နေသည်။ ထို့အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပူတာအိုအခြေစိုက် အခြေချဗျူဟာတို့ကလည်း ပံ့ပိုးကူညီဆောင်ရွက်ကြမည်ဟု သတင်းရရှိသည်။

‘‘သတ်မှတ်ချိန်အတွင်းမှာ ပြန်လည်ရောက်ရှိတယ်လို့ သတင်းပေးထားပေမယ့် တောင် ခြေက အဖွဲ့ဝင်တွေ ပြန်ရောက် လာပေမယ့် တောင်ထိပ်ရောက် အဖွဲ့နှင့် အဆက်အသွယ်ပြတ်နေ တယ်လို့ သတင်းပေးတယ်။ တခြားလမ်းကြောင်းကနေ ပတ်ပြီး သွားတာလားဆိုတာ မသိရသေးဘူး’’ ဟု ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

စက်တင်ဘာ ၉ ရက်က အဆိုပါ နှစ်ဦးသည် တောင်ခြေစခန်းတွင်ရှိသည့် ကျန်တောင်တက်အဖွဲ့ဝင် ခြောက်ဦးနှင့်အတူ တဟွန်ဒမ်းရွာသို့ ပြန်လည်ဆင်းလာပြီဟု သတင်းထုတ်ပြန်ခဲ့ခြင်းမှာ ထိုရွာတွင်ရှိသည့် သတင်းပေးပို့သူနှင့် ပြန်ကြားရေးအဖွဲ့ကြားတွင် နားလည်မှုလွဲပြီး သတင်းမှား ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

ဦးတေဇဦးဆောင်သောအဖွဲ့ ပူတာအိုသို့ရဟတ်ယာဉ်ဖြင့် သွားစဉ် (ဓာတ်ပုံ−Htoo Facebook)


7Day Daily , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment