Pages

Pages - Menu

Friday, September 26, 2014

ဂြိုလ်နီကြီးပေါ် အိန္ဒိယဂြိုလ်တုလည်း ခြေချပြီ


RangonNewsDaily:: September . 26 .2014
အိန္ဒိယ နိုင်ငံရဲ့ ပထမဦးဆုံး အင်္ဂါဂြိုဟ်ပေါ် ဂြိုလ်တု လွှတ်တင်ခြင်း အောင်မြင်သွားပါပြီ။
အင်္ဂါဂြိုဟ်ကို ရောက်ရှိသွားတဲ့ အိန္ဒိယရဲ့ ပထမဆုံး အာကာသယာဉ်ကို ကုန် ကျငွေ ဒေါ်လာ ၇၅ သန်းလောက် နဲ့ ဈေး အသက်သာဆုံး လွှတ်တင် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်လို့ အိန္ဒိယတိုင်းမ်သတင်းတပုဒ် က ရေးပါတယ်။
အခုဆိုရင် အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဂြိုဟ်တု လွတ်တင်နိုင်တဲ့ စတုတ္တမြောက် နိုင်ငံအဖြစ် အိန္ဒိယနိုင်ငံလည်း စာရင်းဝင်ခဲ့ပါပြီ။ ဂြိုဟ်တုကို Mangalyann (မန်ဂါလီယန်း) လို အမည်ပေးထား ပါတယ်။


မန်ဂါလီယန်း ဂြိုဟ်တု ယဉ်ဟာ ကမ္ဘာမြေပြင် ကနေ ထွက်သွားအပြီး ၁၀ လ အကြာမှာ ဂြိုဟ်တုရဲ့ အင်ဂျင်စက်ကို အရှိန်လျှော့ လိုက်အပြီး ဘန်ဂလော မြို့မှာ ရှိတဲ့ ခရီးစဉ် ထိန်းချုပ်ရေး အာကာသစခန်းက ဝန်ထမ်းတွေဟာ အောင်ပွဲ ဆင်နိုင်ခဲ့ကြပါတယ်။
::
မန်ဂါလီယန်း ယာဉ်ရဲ့ အဓိက အင်ဂျင်စက်ကို ၂၄ မိနစ် ကြာ အရှိန်လျှော့ အပြီးမှာ အင်္ဂါဂြိုဟ်ရဲ့ ဆွဲငင် အား နဲ့ သူ့ရဲ့ ပတ်လမ်းထဲကို ရောက်ရှိသွားတာ ဖြစ်ပါတယ်လို့ ပြောထားပါတယ်။

အိန္ဒိယ နိုင်ငံ၊ ဘန်ဂလောမြို့မှာရှိတဲ့ အာကာသ ထိန်းချုပ်ရေး ဌာနသို့ ၀န်ကြီးချုပ် မိုဒီလည်း ရောက်ရှိလာ ခဲ့ပြီ နိုင်ငံအတွက် မမျှော်လင့်တဲ့ အောင်မြင်မူကို ရရှိခဲ့တဲ့အတွက် ဂုဏ်ပြုစကားပြောခဲ့ပါတယ်။


အခက်ခဲများစွာကိုကျော်ဖြတ်နိုင်ခဲ့ပြီး ကမ္ဘာ တ၀န်လုံးက ကြိုးစားခဲ့တဲ့ အာကာသ မစ်ရှင် ၅၁ နိုင်ငံရှိတဲ့ အထဲမှာ ၂၁ နိုင်ငံသာ အောင်မြင်မူရရှိခဲ့ပါတယ်။ ဒီထဲမှာမှ အိန္ဒိယ နိုင်ငံ ပါဝင်ခဲ့တာကြောင့် အတိုင်းမသိ ၀မ်းသာရပါတယ်လို့ ၀န်ကြီးချူပ်က ပြောခဲ့ပါတယ်။
::
အင်္ဂါဂြိုဟ်ပေါ်သို့ ဂြိုဟ်တု ပို့လွှတ်မှုကို အရင်က အမေရိကန်၊ ရုရှားနဲ့ ဥရောပ သမဂ္ဂ တို့ကသာ လုပ်နိုင်ခဲ့ပြီး အခု အိန္ဒိယက သူ့ရဲ့ ပထမဆုံး ကြိုးပမ်းမှုက အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီblog ::-- KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment